၂၀၂၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ မာလျာလမ်စကားပြောဟာသရုပ်ရှင်တစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်လေးရဲ့ နမူနာဟာဆိုရင် ယူကျုပေါ်မှာ ကြည့်ရှုသူ ၁ သန်းခွဲတောင် ရရှိခဲ့တာပါ။ကီနာဆယ်ရီဆိုတဲ့ ရွာလေးတစ်ရွာမှာ တော်တော်လေးဘရုတ်ကျတဲ့ ညီအစ်ကိုနှစ်ယောက်ရှိပါတယ်။သူတိုညီအစ်ကိုနှစ်ယောက်မှာ အကြီးကောင်က အမြဲတမ်းရည်းစားပူမိနေပြီး အငယ်ကောင်ကတော့ ရွာထဲကမိန်းကလးတိုင်းနဲ့ ပတ်ရှုပ်နေတဲ့ ပလေးဘွိင်းဖြစ်ပါတယ်။တစ်နေ့မှာတော့ သူတိုညီအစ်ကိုဟာ ကိစ္စတစ်ခုကြောင့် လူတစ်ယောက်နဲ့ပြဿနာတက်ရာကနေ တစ်ရွာလုံး ရုန်းရင်းဆန်ခတ်တွေဖြစ်တဲ့ထိကိစ္စတွေ ကြီးကျယ်ကုန်ပါတယ်။သူတိုတွေ ဘယ်လိုပြဿနာတွေဖြစ်ကြတာလဲ၊ ညီအစ်ကိုနှစ်ယောက်ဘယ်လိုတလွဲတွေလုပ်ကြတာလဲ၊ ဘာတွေဆက်ဖြစ်မှာလဲဆိုတာကို ဒီရုပ်ရှင်ထဲမှာမြင်တွေ့ကြရမှာပါ…။