The Promise HD

The Promise

Drama Horror Thriller HD 2017-09-07 6.8 113 Min

ထိုင်းနိုင်ငံရဲ့ စီးပွားပျက်ကပ်နဲ့ ဆက်နွှယ်ပြီး ဇာတ်အိမ်ဖွဲ့ထားတာဖြစ်ပြီးတော့ အတူတူသ-တ်‌ေ-သဖို့ ကြံရွယ်ထားတဲ့အစ်ဘ်နဲ့ဘုမ်တို့ သူငယ်ချင်းမနှစ်ယောက် အကြောင်းအရာကို ရင်တဖိုဖိုကြည့်ရမှာပါ၁၉၉၇ ကာလက ထိုင်းနိုင်ငံမှာ စီးပွားရေးပျက်ကပ်ဖြစ်ခဲ့တာကြောင့် စီးပွားရေးလုပ်ငန်းတိုင်းကို ရိုက်ခတ်ခဲ့ပြီး အစ်ဘ်နဲ့ဘုမ်တို့ သူငယ်ချင်းနှစ်ယောက်ရဲ့ မိသားစုတွေဟာလည်း စီးပွားတွေကျပြီးအခက်အခဲတွေ ရင်ဆိုင်ခဲ့ရပါတယ်။အစ်ဘ်နဲ့ဘုမ်တို့ရဲ့ မိဘတွေဟာ အထပ်မြင့်အဆောက်အအုံ ကြီးတည်ဆောက်ရေးမှာ ရင်းနှီးမြှုပ်နှံထားကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်ပြီး စီးပွားပျက်ကပ်လည်းဖြစ်ရော ရှိသမျှငွေအကုန်ကုန်ပြီးတော့ဘဝအခြေအနေတွေ ပြောင်းပြန်အနေအထားနဲ့ ကြုံခဲ့ရပါတယ်။အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ အစ်ဘ်နဲ့ဘုမ်တို့ ဟာလည်း ရုတ်ခြည်းပြောင်းလဲ သွားတဲ့ ဘဝအခြေအနေတွေ ကြောင့်စိတ်ဓာတ်ကျပြီး သူတို့ မိဘတွေရဲ့ ဆောက်လက်စ အဆောက်အအုံထဲမှာ နှစ်ယောက်အတူသတ်သေဖို့ ကတိပြုခဲ့ကြပါ တယ်။တကယ်တမ်းမှာတော့ အရင်သတ်သေလိုက်တဲ့ အစ်ဘ်ကိုမြင်ပြီး ဘုမ်ဟာကြောက်လန့် တကြား ထွက်ပြေးသွားခဲ့ပါတယ်။ ဒီလိုနဲ့နှစ် ၂၀ လောက်ကြာအပြီး မှာတော့ ဘုမ်ဟာ စီးပွားရေးလုပ် ငန်းရှင်တစ်ယောက်ဖြစ်လာခဲ့ပြီး ဘဲလ်ဆိုတဲ့ သမီးလေးတစ် ယောက်ရှိနေပါပြီတစ်ရက်မှာတော့ မိဘတွေလက်ထက်က လုပ်ငန်းရပ်နားခဲ့ရတဲ့ အဆောက်အအုံကြီးကို ပြန်ဆောက်ဖို့အတွက် ဘုမ်ဟာ အ ဆောက်အအုံကြီးဆီကိုသွားရင်းထူးဆန်းတာတွေကြုံရပါတော့တယ်။သားအမိနှစ်ယောက် အဲဒီက ပြန်လာအပြီးမှာတော့ ဘဲလ် တစ်ယောက် ထူးဆန်းတဲ့အပြု အမူတွေလုပ်လာသလို အခြောက်အလှန့်တွေနဲ့လည်း ကြုံရပါတော့တယ်။တကယ်တော့ အဲဒီအဆောက်အအုံကြီးမှာ အစ်ဘ် ရဲ့ ဝိညာဉ်ကရှိနေဆဲဖြစ်ပြီး ကတိထားခဲ့ပေမယ့် မတည်နိုင်သေးတဲ့ ဘုမ်ကိုစောင့်နေတာ ပါ။အစ်ဘ်က ဘယ်လိုအ ခြောက်အလှန့်တွေ လုပ်မှာလဲ၊ နှစ် ၂၀ ကြာသည်အထိမကျွတ် မလွတ်ဘဲ စောင့်နေတဲ့ အချစ်ဆုံး သူငယ်ချင်း အစ်ဘ်ကို ဘုမ်တစ် ယောက်ကတိတည်ပေးနိုင်မှာ လားဆိုတာတော့… ။