ဒါရိုက်တာ Matthew Rankin ရိုက်ကူးထားတဲ့ အတွေးအခေါ်ပိုင်းရုပ်ရှင်တစ်ခုပါပဲ ။စစချင်းမှာ ကလေးတွေကို ငေါက်ငမ်းနေတဲ့ကျောင်းဆရာ၊ ဆရာက စိတ်တိုနေပါတယ်ဆိုမှ အတန်းနောက်ကျတဲ့အပြင်အကြောက်အလန့်မရှိပဲ အတွေးတွေကိုထုတ်ဖော်ပြတဲ့ ကလေးလေးတစ်ယောက်ကြားအပြန်အလှန်ပြောဆိုပုံနဲ့ စထားပြီး ဒီရုပ်ရှင်မှာ ဘ၀သုံးခုကိုပုံဖော်ပေးသွားတယ် ။လမ်းမှာမြင်တဲ့ကြက်ဆင်ကြီးကသူ့မျက်မှန်ကို ယူသွားလို့ သင်ပုန်းပေါ်ကစာကို မဖတ်နိုင်တော့ပါဘူးဆိုတဲ့ကလေးကို ဆရာက စိတ်ဆိုးပြီး တစ်တန်းလုံးကို မောင်းထုတ်လိုက်တော့ အတန်းဖော်ကောင်မလေးက သူရှာပေးမယ်ပြောတယ်။ရေခဲပြင်ကြီးအောက်မှာခဲနေတဲ့ ငွေ ၅၀၀ ကိုယူပြီး သူ့သူငယ်ချင်းအတွက် မျက်မှန်အသစ်ပေးလိုက်ရင် ဆရာက ပြန်လက်ခံမယ်ပေါ့ ။ဒါပေမဲ့ ရေခဲနေပါတယ်ဆိုမှ ကလေးမလေးနှစ်ယောက်သားဘယ်လိုများယူကြမှာလဲ? ပြီးတော့ ပန်းဆိုင်လာပြီး ပန်းဖိုးမရှိတဲ့လူတစ်ဦး ။အလုပ်ထွက်ခဲ့ပြီး မိခင်ကိုလာတွေ့တယ်တဲ့ ။ အမေကိုဆက်ပေမဲ့ မသိတဲ့လူက ဖုန်းကိုင်လာတာ အဲ့လူကရော ဘယ်သူဖြစ်မလဲ။ပြီးတော့ ၀င်နာပတ်ဆိုတဲ့မြို့ကြီးတစ်ဝိုက်ကို ပျင်းရိနေပြီဖြစ်တဲ့လူတစ်စုကို လိုက်လံပြသနေတဲ့တိုးရစ်ဂိုက်တစ်ဦး ။သူတို့သုံးဦးမှာ ဘာတွေဆက်စပ်နေမလဲဆိုတာကို ဘ၀ကို မတူတဲ့အမြင်ဘက်ကကြည့်ပြီးရိုက်ကူးထားခြင်းပါ ။