Shadow Force HD

Shadow Force

Action Drama Thriller HD 2025-05-01 6.407 103 Min

ဒီတစ်ခုကတော့ ဒါရိုက်တာ Joe Carnahan ရိုက်ကူးထားပြီး Kerry Washington ၊ Omar Sy နဲ့ Mark Strong တို့ပါ၀င်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့ အိုက်ဆာနဲ့ ခိုက်ရာတို့ကနိုင်ငံတကာက လက်ရွေးစင်တွေနဲ့ ဖွဲ့စည်းထားတဲ့ စီအိုင်အေရဲ့ အထူးလျှို့ဝှက်အဖွဲ့ဖြစ်တဲ့ အရိပ်တပ်ဖွဲ့ရဲ့ ပူးတွဲခေါင်းဆောင်နှစ်ယောက်ပါ။အသင်းသားအချင်းချင်းကြားပတ်သက်မှုကိုတင်းတင်းကျပ်ကျပ်တားမြစ်ထားတဲ့ကြားကနေ သူတို့နှစ်ယောက်က ချစ်ကြိုက်သွားကြပြီး အဖွဲ့ကနေ ထွက်ပြေးသွားကြပါတယ်။အဖွဲ့ရဲ့ဦးစီးသူဂျက်ခ်စင်ဒါက အဲဒီနှစ်ယောက်ကသူတို့ရဲ့လျှို့ဝှက်ချက်တွေများစွာကို သိနေခဲ့တာကြောင့် ၀ရမ်းပြေးအနေနဲ့သတ်မှတ်ပြီး ဆုကြေးသတ်မှတ်ကာ အရိပ်တပ်ဖွဲ့တွေကိုပဲ လိုက်ခိုင်းခဲ့ပါတယ်။ဖြစ်ချင်တော့ ခိုက်ရာက ထွက်ပြေးသွားတဲ့အချိန်မှာကိုယ်၀န်ရှိနေခဲ့ပြီး သားလေးတစ်ယောက်မွေးခဲ့တော့ ဒီလိုအန္တရာယ်ကြားမှာ ကလေးဖြစ်သူအတွက်ကိုပါ တာ၀န်ရှိလာခဲ့ပါတယ်။ဂျက်ခ်ရဲ့လက်က သူတို့မိသားစုလွတ်မြောက်နိုင်ပါ့မလားဆိုတာကိုတော့ကိုယ်တိုင်ကြည့်လိုက်ကြနော် ။