တရုတ်ဟာသကားလေးကို Chinese ကိုအစဉ်မပြတ် အားပေးနေတဲ့ဖန်တွေအတွက်ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ဇာတ်လမ်းလေးကတော့ လီတကျွမ့်တစ်ယောက် အရက်စက်ရုံမှာရင်းနှီးမြုပ်နှံမှုများသွားတာကြောင့် အကြွေးများနေသူဖြစ်ပြီး….အမှတ်မထင် ဒုတိယဆုထီကို ဆွတ်ခူးသွားခဲ့ရာကနေမလိုလားတဲ့ ပြဿနာများကိုရှောင်ရှားဖို့ နှုတ်ဆိတ်နေရာကနေထီပေါက်တဲ့သူကို လူတွေကခန့်မှန်းနေကြချိန်မှာပဲ ရွာသားတွေရဲ့အမြင်မှာပရော်ဖက်ရှင်နယ်အကျဆုံးဆိုတဲ့ ဝမ်ခွန်းက သူလို့ပြောပြီး သူ့ရဲ့အနာဂတ် ယောက္ခမရဲ့သဘောတူညီချက်ကိုရဖို့အတွက် ချမ်းသာသွားယောင်ဆောင်ခဲ့တယ်….တကယ့်ထီပေါက်သူ လီတကျွမ့်ကတော့အရက်စက်ရုံကို ဆက်လက်လည်ပတ်ဖို့ဇနီးဖြစ်သူ ကန့်ကွက်တာကြောင့်အဆင်မပြေလို့ သူက ဆင်းရဲယောင်ဆောင်ပြီးအတူသရုပ်ဆောင်ပြခဲ့တယ်…သူတို့အလိမ်အညာဇာတ်ကြီးဘာတွေဆက်ဖြစ်ပြီးအလိမ်ပေါ်တဲ့တစ်နေ့ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကိုစိတ်ဝင်စားဖွယ်ဟာသနှောတင်ဆက်ပြထားတဲ့ကားကောင်းလေးဖြစ်ပါတယ်…