Ghatikachalam HD

Ghatikachalam

Unknown HD 2025-05-31 8.3 120 Min

ယခုတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ (psychological horror)စိတ်ပိုင်းဆိုင်ရာထိတ်လန့်မှုဆိုင်ရာ ဇာတ်လမ်းဖြစ်ပြီးတော့တမူထူးခြားနေတဲ့ အိန္ဒိယရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်။ကောရှစ်ဆိုတဲ့ ဆေးကျောင်းသားလေးတစ်ယောက်ရှိပါတယ်၊ ကောရှစ်ဟာသူစိတ်ပါဝင်စားလို့ ဆေးကျောင်းတက်ရတာမျိုးမဟုတ်ဘဲ ဖခင်ဖြစ်သူရဲ့အိပ်မက်ကို အကောင်အထည်ဖော်ပေးနိုင်ဖို့အတွက်ဆေးကျောင်းတက်နေရသူတစ်ယောက်ပါ။သူဟာမိသားစုထဲမှာဆိုရင် မိသားစုရဲ့ အလိုကိုပဲလိုက်ကာ နေရသူဖြစ်ပြီးသူ့ဆန္ဒကိုတော့ ထုတ်မပြောတတ်တဲ့ လူလိမ္မာသားလေးတစ်ယောက်ပေါ့။ဒီလိုဖိအားတွေနဲ့ နေလာရတဲ့ ကောရှစ်တစ်ယောက်ဟာ စိတ်ပိုင်းဆိုင်ရာအနှောင့်အယှက်တွေကြုံတွေ့လာရတဲ့အချိန်မှာတော့ ဂါတီကာချလမ်လို့ခေါ်တဲ့ မကောင်းဆိုးဝါးကြောင့်ဖြစ်ရတယ်ဆိုကာသူ့မိသားစုမှ ကုသပေးဖို့ နည်းလမ်းမျိုးစုံ ရှာဖွေပါတော့တယ်။ကောရှစ်တစ်ယောက်ဖြစ်နေတဲ့ စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက်များဟာသူ့မိသားစုထင်သလိုမျိုး ဂါတီကာချလမ်မကောင်းဆိုးဝါးကြီး နှောင့်ယှက်နေတာပဲလား ………ဒါမှမဟုတ် ဘယ်လိုအကြောင်းကိစ္စတွေကြောင့်မလို့ ဖြစ်နေရတာလဲ ……….ကောရှစ်တစ်ယောက်ရော ဖြစ်ပျက်နေတဲ့အရာတွေကနေပျောက်ကင်းသွားနိုင်ပါ့မလား ဆိုတာကိုစိတ်ဝင်စားဖွယ် ကြည့်ရှုရမဲ့ Horror, Thriller ဇာတ်ကားလေးဖြစ်ပါတယ်။