Sthanarthi Sreekuttan HD

Sthanarthi Sreekuttan

Comedy Drama HD 2024-11-29 8.3 135 Min

ကျောင်းသားဘဝရဲ့ ရိုးရှင်းတဲ့ အလှတရားတွေ ရယ်မောပျော်ရွှင်စရာတွေနဲ့ စိန်ခေါ်မှုတွေကို မြင်တွေ့လိုပါသလားဒါဆိုရင်တော့ ဒီကားက ကျောင်းနေအရွယ် ကလေးတစ်ဦးရဲ့ကိုယ့်ကိုယ်ကိုယ်ရှာဖွေတွေ့ရှိမှုခရီးလမ်းကြောင်းကို နွေးထွေးတဲ့ ဟာသတွေနဲ့ ပုံဖော်ထားမျိုးပါဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်ကတော့ K.R. Narayanan U.P. ကျောင်းက ခုနစ်တန်းကျောင်းသားလေးဆရီကူတန်ပါပဲ ဆရီကူတန်က အမြဲတမ်း ဆရာမတွေကို စနောက်တတ်ပြီး ဆူဆူပူပူလုပ်တတ်တဲ့ ကျောင်းသားလေးတစ်ယောက်ပေါ့သူ့ရဲ့ အတန်းထဲက စာတော်ပြီး သူ့ပြိုင်ဘက်ဖြစ်တဲ့ အမ်ဘာဒီနဲ့သူမကြိုက်တဲ့ ဆရာမချက်ကရာပါနီ့ကိုစိန်ခေါ်ဖို့အတွက် သူတို့အတန်းရဲ့ ခေါင်းဆောင်နေရာအတွက် ဝင်အရွေးခံဖို့ ဆုံးဖြတ်လိုက်ပါတယ်ဆရီကူတန်က အတန်းခေါင်းဆောင်ဖြစ်ဖို့ သူငယ်ချင်းတွေနဲ့အတူ ရယ်စရာကောင်းတဲ့ အကြံအစည်တွေအလွဲအချော်တွေ လုပ်ဆောင်ရင်း သူ့အရည်အချင်းတွေကို သက်သေပြဖို့ ကြိုးစားပါတော့တယ် ဒီဇာတ်လမ်းကကလေးဘဝရဲ့ အပြစ်ကင်းစင်မှု အတန်းတွင်း နိုင်ငံရေးတွေနဲ့ လူမှုရေးပြဿနာတွေကို ပေါ့ပေါ့ပါးပါးနဲ့ ထိထိမိမိ တင်ဆက်ထားပါတယ်ဆရီကူတန်ရဲ့ ချစ်စရာကောင်းတဲ့ စရိုက် သူငယ်ချင်းတွေကြားကခင်မင်မှုတွေနဲ့ ကျောင်းဆရာဆရာမတွေနဲ့ သူတို့ရဲ့ ဆက်ဆံရေးတွေက ကြည့်ရှုသူတွေကို ကျောင်းသားဘဝကို ပြန်လည်အမှတ်ရစေမှာ အသေအချာပါပဲရှင်