Gangstas HD

Gangstas

Action Comedy Crime Thriller HD 2025-02-19 6 0 Min

အန့်ဝက်ဆိုတဲ့ မြို့ရဲ့ မြေအောက်လောကအဖြစ်ဆိုးတစ်ခုကနေ ရှင်ကျန်လာခဲ့တဲ့ ဘာဒီယာ ဂျုန်းစ်နဲ့ ဗော့လ်ထ်တို့ဟာ သူတို့ရဲ့ အတိတ်ကအဖြစ်ဆိုးတွေကို ချန်ခဲ့ပြီးကိုယ်စီဘဝအသစ်နဲ့စဖို့ကြိုးစားခဲ့ကြပါတယ်။အဲဒီထဲကမှ သူတို့ကိုအဲဒီဖြစ်စဉ်ထဲဆွဲထည့်သလိုဖြစ်သွားခဲ့တနဲ့ အဒါမိုကတော့ မပြောင်းလဲဘဲ မြောအောက်လောကမှာ တက်သစ်စချာတိတ်တစ်ဗွေဖြစ်လာခဲ့တာပေါ့။သူကလည်း စိတ်ထဲကနေသာ ကောင်းတဲ့သဘောတွေကို စိတ်ဆောင်ရင်ဆောင်နေမယ် ဒါပေမဲ့ သူလုပ်နေတဲ့ကိစ္စတွေကတော့ တစ်ကမ္ဘာလုံးကိုအကျိုးယုတ်စေတဲ့မူးယစ်ဆေးဝါးတွေကို ကမ္ဘာနဲ့ချီ တင်ပို့ဖြန့်ဖြူးနေတာပဲဖြစ်ပါတယ်။မူးယစ်ဆေးဝါးနဲ့ပတ်သက်လာရင်တော့ ဘာကောင်းတာတစ်ခုမှမရှိပါဘူးး။ အဲဒီလောက်မှာ ကျင်လည်နေတဲ့ အဒါမိုကလည်းဒုက္ခသုက္ခတွေများစွာနဲ့ ရင်ဆိုင်ရပြီး အသက်ကိုရင်းပြီး အလုပ်လုပ်ခဲ့ရပါတယ်။ဒါပေမဲ့လည်း လူငယ်ဖြစ်တဲ့အလျောက် စိတ်မာန်တက်ကြွနေတဲ့ အဒါမိုဟာခေါင်းမာပြီး သူ့လုပ်နေကျအလုပ်ရဲ့အတိုင်းအတာကိုကျော်ပြီး စစ်ဆေးရေးကြပ်တည်းနေတဲ့အချိန်မှာ ဘိန်းဖြူအများကြီးကို သယ်ပို့ဖို့လုပ်ခဲ့ပါတယ်။ရန်ဘက်တွေလည်းများ အသိုင်းအဝိုင်းကြားနာမည်ကြီးနေတဲ့ အဒါမိုဟာချောက်ချခံလိုက်ရပြီး ထောင်ထဲရောက်သွားပါတယ်။အကွက်စေ့ချပြီးထောင်ထဲကနေ ပြန်ထွက်ဖို့လုပ်တဲ့အခါပေမယ့်လည်း အကြပ်ကိုင်ခံပြန်ရပါတယ်။သူ့ရဲ့အလုပ်ကိစ္စနဲ့ပတ်သက်လာလို့ရှိရင်ဘာအထာမှမထားတတ်ဲတဲ့ အဒါမိုဟာ သူ့မိသားစုလိုချစ်ခင်ရတဲ့ အသိုင်းအဝိုင်းကိုလာထိဖို့ ပြိုင်ဘက်ဂိုဏ်းတွေကလုပ်လာကြတဲ့အခါမှာတော့အဒါမိုတစ်ယောက် ဂိုဏ်းစတားပီပီ အစွယ်ပြပြီးမာန်ပြန်ဖီဖို့ပြင်ပါတော့တယ်။