Only စတော့ရှယ်ယာစျေးကွက်တွေမှာ ရောင်းဝယ်လုပ်တဲ့အပြင် ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့နေရာမှာအောင်မြင်ပြီး သူ့ရဲ့ဒစ်ဂျစ်တယ်ထုတ်ကုန်တစ်ခုကိုရောင်းချနိုင်ခဲ့တဲ့ ဒန်နီယယ်ဆိုတဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးဟာအလုပ်ကိုပဲစိတ်နှစ်ပြီး တစ်စိုက်မတ်မတ်လုပ်ခဲ့တဲ့အတွက် ဆုံးရှုံးခဲ့ရတဲ့မိသားစုဘဝကို ပြန်ပြီးဖာထေးဖို့ သမီးဖြစ်သူနဲ့ ပြန်ပြီးမိတ်ဖွဲ့ဖို့ကြိုးစားခဲ့ပါတယ်။သမီးဖြစ်သူရဲ့ မွေးနေ့မှာ သူဟာ သမီးလေးပျော်သွားအောင်ဆိုပြီး စျေးကြီးတဲ့ smart watch တစ်ခုကိုဝယ်ပေးခဲ့ပါတယ်။ဒါပေမဲ့လည်း အဖေဖြစ်သူက ငွေကြေးချမ်းသာပေမယ့် ခြေရှုပ်တတ်တာကိုသိတဲ့သမီးလေးက ငွေကြေးဓနကနေရလာတဲ့လက်ဆောင်ကို ငြင်းခဲ့ပါတယ်။ဒီလိုနဲ့ သမီးနဲ့အဖေနှစ်ယောက်စကားများကြရင်း ရုတ်ချည်းဆိုသလို မျက်နှာဖုံးသူနှစ်ယောက် သူတို့ခြံထဲရောက်လာပြီးခြိမ်းခြောက်သယောင်ယောင်နဲ့ သူတို့ကို အကြပ်ကိုင်ကြပါတယ်။ဖြစ်ချင်တော့ စိတ္တဇလူသတ်သမားနှစ်ယောက်ဟာ ဘာအကြောင်းမှမရှိဘဲ ဒန်နီယယ့်သမီး အီမိုဂန်ကို အကြပ်ကိုင်ပြီးစခြိမ်းခြောက်လာပါတော့တယ်။ဒါပေမဲ့ တကယ်တမ်းကျနောက်ကွယ်မှာ ဒန်နီယယ်က ဘာအမှားလုပ်ထားလို့လဲ ဘယ်လိုလူတွေက သူ့ကိုသတ်ချင်လောက်တဲ့အထိဖြစ်ရလောက်အောင်ပတ်သက်ဆက်နွယ်မှုရှိနေလဲဆိုတာကိုဒီဇာတ်ကားထဲမှာ ရင်တထိပ်ထိပ်နဲ့ရှုစားရမှာပဲဖြစ်ပါတယ်။