တချို့တွေပြောကြသလို 40 ကျော်မှ ဘဝစကြသလိုပဲ အခုတစ်ခါမှာတော့ 30 ကျော်မှ ဘဝကို အစပြုပြီး အခြေချဖို့ကြိုးစားလာကြတဲ့နိုက်ဂျီးရီးယားသူတွေအကြောင်းတစ်စေ့တစ်စောင်းရိုက်ကူးထားပါတယ်။ဒီဇာတ်ကားထဲမှာတော့ နိုက်ဂျီးရီးယားအမျိုးသမီး သူငယ်ချင်းလေးယောက်ကို အဓိကဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။တမီ၊ အာအီရှာ၊ နကမ် နဲ့ အမာ ဆိုတဲ့သူငယ်ချင်းလေးယောက်ဟာ ၂၀ ကျော်ကတည်းက တပူးပူးတတွဲတွဲရှိကြသူဖြစ်ပါတယ်။ဒါပေမဲ့ သိပ္ပံနည်းကျစာရင်းဇယားတွေအရ အများစုသော အမျိုးသမီးတွေဟာအသက် ၂၇ ဒါမှမဟုတ် ၂၇ ကျော်မှ အခြေချ အိမ်ထောင်ပြု ကလေးမွေးဖို့မိခင်စိတ်ရှိလာကြပါတယ်။ဒီဇာတ်ကားထဲမှာတော့ ဝီးမန်းလေးယောက် ၃၀ ကျော်ကာမှ ဘယ်လို ဖလန်းဖလန်းထားပြီးအော်ကြောလန်ကြမလဲဆိုတာကို ဟာသဆန်ဆန် ကွက်ကွက်ကွင်းကွင်းရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်ကားတစ်ခုဆိုပေမယ့်လည်း လက်တွေ့လောကနဲ့ချိတ်ဆက်နေတဲ့ လူ့သဘောထားလူ့စိတ်တွေကို အခြေခံပြီးရိုက်ကူးထားတာဖြစ်တဲ့အတွက်ကျားမ နှစ်ဖက်လုံးကနေ ကြည့်ရင်ကြည့်တတ်သလို ယူရင်ယူတတ်သလို သုတကော ရသပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။