GATAO: Like Father Like Son HD

GATAO: Like Father Like Son

Action Crime HD 2024-08-16 7.1 131 Min

ကြမ်းမှရမ်းမှဆိုတဲ့ ဂိုဏ်းစတားပရိသတ်တွေအတွက် Golden Horse Film Festival မှာ Nomineeတစ်ခု နဲ့အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုတစ်ခုရခဲ့တဲ့ထိုင်ဝမ်ကားကြမ်းကြမ်းတစ်ကားကိုCMမှတင်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ထိုင်ဝမ်မြောက်ပိုင်းမြို့တစ်မြို့မှာ လူမိုက်ဂိုဏ်း(၄)ဂိုဏ်းကကိုယ့်ပိုင်နက်နဲ့ကိုယ်ကြီးစိုးပြီး သင့်သင့်မြတ်မြတ်နေကြတယ်။မျိုးသစ်လူငယ်တစ်ယောက်ဖြစ်တဲ့မိုက်ကယ်က မူးယစ်ဆေးရောင်းတဲ့အပြင်သူ့အဖေရဲ့လုပ်ရပ်တွေကိုအားမရပဲ လောဘတက်ပြီးတစ်နယ်လုံးကိုကြီးစိုးနိုင်ဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့ဘူး။ အဲဒီအချိန်မှာပဲ ပိုက်ဆံရှာဖို့တစ်ခုထဲနဲ့မိုက်ကယ်ဆီရောက်လာတဲ့ ဂိုဏ်းမရှိ အဖွဲ့အစည်းမရှိတဲ့လူငယ်လေး(၃)ယောက်က လူမိုက်ဂိုဏ်းပိုင်လောင်းကစားရုံမှာပိုက်ဆံလုပြီးပြန်လာနိုင်ခဲ့ကြတယ်။သူအထင်မကြီးတဲ့ကောင်လေးတွေက ဘာမှမဖြစ်ပဲပြန်လာနိုင်တဲ့အတွက်မိုက်ကယ်ကအံ့ဩပြီး သဘောကျနေခဲ့တယ်။ ဒီလိုနဲ့ အရင်မျိုးဆက်ကိုကျော်ပြီးအာဏာလုချင်တဲ့မိုက်ကယ်တို့ရဲ့ဂိုဏ်းအရှုပ်အထွေးပဋိပက္ခတွေကြားမှာလက်ရဲဇက်ရဲလူငယ်လေး(၃)ယောက်က ဘုမသိဘမသိရောက်သွားပါတော့တယ်။ဉာဏ်များတဲ့အဖိုးကြီးတွေနဲ့ စိတ်အားထက်သန်ပြီးစိတ်လိုက်မာန်ပါလုပ်တတ်တဲ့လူငယ်မျိုးဆက်ကြားကတိုက်ပွဲဟာဘယ်လိုအဆုံးသတ်မလဲဆိုတာစိတ်ဝင်စားစရာပါပဲ……