Titan: The OceanGate Submersible Disaster HD

Titan: The OceanGate Submersible Disaster

Documentary Drama HD 2025-06-06 7.101 112 Min

ဖြစ်ရပ်မှန် မှတ်တမ်းရုပ်ရှင်ဟာ ၂၀၂၃ ခုနှစ် ဇွန်လ ၁၈ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့Titan ရေငုပ်ယာဉ် ပေါက်ကွဲနစ်မြုပ်မှုရဲ့ နောက်ကွယ်က အကြောင်းအရာတွေကို နက်နက်နဲနဲ ဖော်ထုတ်ထားပါတယ်။ဒီမှတ်တမ်းရုပ်ရှင်က ဖြစ်ရပ်ဆိုးကြီး ဘာကြောင့်ဖြစ်ပွားခဲ့ရသလဲ…ဘယ်သူတွေမှာ တာဝန်ရှိသလဲဆိုတာကို ပေါ်လွင်အောင် တင်ပြထားပါတယ်။ဒီဇာတ်ကားဟာ OceanGate ကုမ္ပဏီရဲ့ CEO ဖြစ်သူStockton Rush ရဲ့ တိုက်တန်းနစ်သင်္ဘောပျက်ကိုကြည့်ရှုဖို ကြိုးပမ်းခဲ့မှု…သူ့ရဲ့ အန္တရာယ်ရှိတဲ့ ဆုံးဖြတ်ချက်တွေဟာ ဘယ်လိုဘယ်ပုံ လူ ၅ ဦးရဲ့ အသက်ကို ဆုံးရှုးစေခဲ့လဲ။မှတ်တမ်းရုပ်ရှင်ထဲမှာ ကုမ္ပဏီရဲ့ ဝန်ထမ်းဟောင်းတွေရဲ့ ထွက်ဆိုချက်တွေအသံမှတ်တမ်းတွေ…OceanGate နဲ့ပတ်သက်တဲ့ ဗီဒီယိုဖိုင်တွေနဲ့ ဥပဒေပိုင်းဆိုင်ရာ စစ်ဆေးမှုတွေကနေ ရရှိတဲ့ အချက်အလက်တွေကို အတိအကျ ဖော်ပြထားပါတယ်။ဒီမှတ်တမ်းရုပ်ရှင်ဟာ ဖြစ်ရပ်ဆိုးကြီးကိုသာ အဓိကထားပြီး ပြသတာမဟုတ်ဘဲ…မဖြစ်သင့်တဲ့ ဒီလိုအဖြစ်အပျက်မျိုးဘာကြောင့်ဖြစ်လာရသလဲဆိုတဲ့ မေးခွန်းကိုပါ မီးမောင်းထိုးပြထားပါတယ်။ ကုမ္ပဏီရဲ့ လုံခြုံရေးစည်းမျဉ်းတွေကိုဘယ်လို လစ်လျူရှုခဲ့သလဲ…သတိပေးချက်တွေကို ဘယ်လို ပစ်ပယ်ခဲ့သလဲ။ Titanရေအောက်ယာဉ်ရဲ့ ကာဗွန်ဖိုက်ဘာဒီဇိုင်းအပါအဝင် ဘေးကင်းရေးဆိုင်ရာ အားနည်းချက်တွေနဲ့ ပတ်သက်ပြီးဝန်ထမ်းဟောင်းတွေရဲ့ သတိပေးချက်တွေကို CEO က ဘယ်လိုပယ်ချခဲ့သလဲဆိုတာတွေကိုပါ ကြည့်ရှုရမှာပါ…ဒီဇာတ်ကားဟာ အဖြစ်ဆိုးကြီးဖြစ်ခဲ့ရတဲ့ အဓိကအကြောင်းအရင်းကို ရှင်းရှင်းလင်းလင်းဖော်ပြထားပြီး…တာဝန်မဲ့မှု…လျစ်လျူရှုမှုတွေကြောင့် အသက်တွေ ဘယ်လိုဆုံးရှုးခဲ့ရတယ်ဆိုတာကို ပြသထားပါတယ်။ကြည့်ရှုသူတွေကို စိတ်ဝင်စားအောင် ဖန်တီးထားပြီး ဖြစ်ရပ်မှန်ကို သိရှိနားလည်နိုင်ဖိုအားကောင်းတဲ့မှတ်တမ်းရုပ်ရှင်တစ်ကားလို ဆိုနိုင်ပါတယ်။ ဖြစ်ရပ်မှန်ကို ပွင့်ပွင့်လင်းလင်းနဲ့အသေးစိတ် ဖော်ပြထားတဲ့အတွက် ကြည့်ရှုသင့်တဲ့ မှတ်တမ်းရုပ်ရှင်တစ်ကား ဖြစ်ပါတယ်…