Jai Gangaajal HD

Jai Gangaajal

Action Drama HD 2016-03-04 5.3 149 Min

အိန္ဒိယရဲ့ဈေးအကြီးဆုံးမင်းသမီး ပရီယန်ကာချိုပရာရဲ့ မှုခင်းအက်ရှင် ကားအဟောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်ရုံတင်ငွေ ရူပီး 495.9 Million ရရှိခဲ့ပြီး အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းလေးလည်း ဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ဘန်ကပူရ်ခရိုင်မှာ လူမိုက်ညီအစ်ကိုနှစ်ယောက်ဟာ ရဲတွေနဲ့ပေါင်းပြီးမြေတွေကို အဓမ္မသိမ်းယူလေ့ရှိသလို မထင်ရင်မထင်သလို လူပေါ်လူဇော်လုပ်လွန်းတာကြောင့်သူတို့နှစ်ယောက်ကို အမှုန့်ချေချင်နေကြသူတွေ အများကြီးရှိပေမယ့် အားမတန်လို့ မာန်လျှော့နေကြရပါတယ်။ဒီလို ဒုစရိုက်တွေထူပြောလှတဲ့ နယ်မြို့လေးကို လှလှပပ မိန်းမသားရဲအရာရှိတယောက် ပြောင်းရွှေ့ရောက်ရှိလာတဲ့အခါမှာတော့ရုပ်လေးသနားကမားနဲ့မလိုက် နင်းကန်ကြမ်းပြရင်း မတရားမှု ဒုစရိုက်အမှုတွေကို ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာ….။ပရီယန်ကာချိုပရာရဲ့ ရဲအရာရှိ အမူအရာစတိုင်တွေက လုံးဝအလန်းစားတွေမလို့ကြည့်ကောင်းတဲ့ ဘောလိဝုဒ်ဖိုက်တာဇာတ်ကားပါပဲ။