Ride Your Wave HD

Ride Your Wave

Comedy Drama Fantasy Romance Animation HD 2019-06-21 7.6 94 Min

“ဘာတွေပဲ ဖြစ်လာပါစေ ကိုယ်မင်းနားမှာ အမြဲတမ်း ထာဝရ အတူရှိနေပါမယ်နော်…” – Minato,ငယ်စဉ်ကတည်းက ပင်လယ်ပြင်ကြီးကို ချစ်မြတ်နိုးပြီး ရေလွှာလှိုင်းစီးရတာကြိုက်လွန်းလို့တက္ကသိုလ်တက်ဖို့တောင် ပင်လယ်နံဘေးနားက Chiba မြို့လေးကို ပြောင်းလာတဲ့တက္ကသိုလ်ကျောင်းသူလေးHinako။ တစ်ခုခု ဘေးအန္တရာယ်တွေ ဖြစ်လာတိုင်း လူတိုင်းရဲ့အသက်ကိုကိုယ်ကျိုးမကြည့်ပဲ အပြေးအလွှားကယ်တတ်သူ Chiba မြို့ခံ မီးသတ်ဗိုလ်လေး Minato။သူတို့နှစ်ယောက်ဟာ မြို့က လူရမ်းကားတစ်စုရဲ့ မဆင်မခြင် မီးပန်းဖောက်လွှတ်မှုကြောင့်Hinako နေထိုင်ရာတိုက်မီးလောင်ရာကနေ Minato လာကယ်ရင်း ဆုံစည်းခဲ့ကာ အချစ်စစ်တစ်ခုပေါက်ဖွားလာခဲ့ပါတော့တယ်။ ဒီလိုနဲ့ ချစ်သူနှစ်ဦးသား ရေလွှာလှိုင်းလေးစီးလိုက် ကော်ဖီဆိုင်ထိုင်လိုက်နဲ့ဘေးလူတွေကို မမှုပဲအချစ်လေဟုန်မှာ စုန်ဆန်မျောပါနေတုန်း မထင်မှတ်ထားတဲ့ ကြမ္မာဆိုးတစ်ခုကရက်ရက်စက်စက် ဝင်ရောက်လာတဲ့အခါမှာတော့…..ဆရာသမား Makoto Shinkai ရဲ့လက်ရာတွေဖြစ်တဲ့ Your Name တို့Weathering With You တို့တွေကိုနှစ်သက်သဘောကျတယ်ဆို ကြည့်သင့်တဲ့ Romance Anime ရုပ်ရှင်ကားကောင်းလေးပါ။ဒီ ဒါရိုက်တာ Masaaki Yuasa ရဲ့ လက်ရာက Your Name တို့လောက်ရင်သပ်ရှုမောဖွယ် မဖြစ်ပေမဲ့လည်းသူ့ ဇာတ်လမ်း ဇာတ်အိမ် ဇာတ်ကောင်လေးတွေက ဂျပန်ရိုးရာအတိုင်း သာမန်အချစ်ကားကိုထူးခြားတဲ့နည်းလမ်းလေးနဲ့ ဆွဲခေါ်ထားတာကြောင့် သေချာပေါက်စွဲငြိစေဦးမှာ အမှန်ပဲ။ကိုယ်တွေဆိုလည်း ဘယ်နှခါပြန်ကြည့်ကြည့် ဇာတ်ဝင်ခန်းတချို့မှာတော့ မျက်ရည်ဝဲနေရတုန်းပါ။ဇာတ်လမ်းလေးက သူ့ Act အလိုက် ချစ်ကြည်နူးလိုက်၊ ပူဆွေးလိုက်နဲ့မျက်ရည်မခိုင်တဲ့လူဆိုရင်တော့တစ်သျှူးလေး ဆောင်ထားကြပေါ့နော်…။ ကဲ ကြည့်ဖူးတဲ့လူတွေလည်း ပြန်နွှေးလိုက်ရင်းမကြည့်ရတဲ့လူတွေကို ကြည့်ဖြစ်အောင် ကြည့်လိုက်ပါဦးလို့လက်တို့ပေးချင်ပါတယ်ဗျာ…။