ကယ်ဗင်က မကြာသေးခင်ကမှ Rehab ကထွက်လာခဲ့တာဖြစ်ပြီး သူ့သူငယ်ချင်းတစ်စုဟာ သူ့ကိုမူးယစ်ဆေးတွေအရက်တွေ ပြန်မသုံးစွဲမိအောင် ကူညီတဲ့အနေနဲ့ လူသူကင်းဝေးတဲ့တောအုပ်ထဲကအိမ်တစ်လုံးမှာအားလပ်ရက်ကို အတူတကွဖြတ်သန်းကြဖို့စီစဉ်ထားပါတယ်။အဲ့ဒီတောအုပ်ဟာ ဘူဂီမန်းတစ်ကောင်သောင်းကျန်းနေပြီး လူတွေခဏခဏပျောက်တယ်လို့ နာမည်ထွက်နေတဲ့တောအုပ်ပါပဲ။တကယ်တမ်း သူတို့ရောက်သွားချိန်မှာလည်း ထူးခြားတဲ့ ပုံရိပ်တွေအသံတွေ၊ အိမ်မက်တွေကို ကယ်ဗင်တွေ့ကြုံလာရပါတယ်။သူ့သူငယ်ချင်းတစ်စုကတော့ ဆေးကြောင်ပြီးထင်ရာမြင်ရာတွေမြင်နေကြတယ်လို့ယူဆကြတဲ့အတွက် ကယ်ဗင့်ကိုမယုံကြပါဘူး။သူမြင်နေရတဲ့ ထူးဆန်းပြီး ကြောက်မက်ဖွယ်အာရုံတွေဟာ တကယ်လား?သူ့ရဲ့စိတ်လှည့်စားမှုတွေလား ? ဆိုတာကိုဆက်လက်ရှုစားရမှာဖြစ်ပါတယ်။ ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။