ခရစ်စတီရန် လို့ခေါ်တဲ့ ဒိန်းမတ်စစ်သားဟောင်းကြီးတစ်ယောက်က ပြည်တွင်းစစ်ဖြစ်နေတဲ့ ဆီးရီးယား ကို သားဖြစ်သူကို ရှာဖို့ရောက်လာပါတယ်။အဲဒီအချိန်မှာ ဆီးရီးယားနိုင်ငံမှာဘာသာရေးအစွန်းရောက်စစ်သွေးကြွတွေ အားကောင်းနေပြီး သားဖြစ်သူက အဆိုပါ အဖွဲ့တွေနဲ့ ပူးပေါင်းသွားခဲ့တာပါ။ခရစ်စတီရန်လည်း အီဆာ ဆိုတဲ့ နာမည်ဝှက်ကိုသုံးပြီးစစ်သွေးကြွအယောင်ဆောင်ကာ သားဖြစ်သူကို ရှာဖို့ ကြိုးစားပါတော့တယ်။ဒီလိုနဲ့ သားဖြစ်သူကို အိမ်ပြန်ခေါ်ဖို့ ကြိုးပမ်းရာမှာဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲ…..ဘယ်လိုအန္တရာယ်တွေဝိုင်းရံနေမလဲ…..ဆီးရီးယားပြည်တွင်းစစ်ရဲ့ အတွင်းကျကျပုံရိပ်တွေကိုပါ ထင်ဟပ်နေအောင် ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ရိုက်ကူးတင်ဆက်ထားတာမို့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပါပဲ။