Cheer to Life FHD

Cheer to Life

Comedy Drama Romance FHD 2025-01-30 6 0 Min

“အတွေ့အကြုံဆိုတာ ကျွန်မတိုရဲ့အမှားတွေကို လူကြားကောင်းအောင်လို သုံးနှုန်းတဲ့ ဝေါဟာရတစ်ခုပါပဲ။အဲ့ဒီအတွေ့အကြုံလိုခေါ်နေကြတဲ့ အမှားတွေကြောင့်ပဲ ကျွန်မတိုရဲ့ဘဝဟာ ထူးခြားသွားတယ်.. တန်ဖိုးရှိသွားတယ်။ကျွန်မတိုရဲ့အမှားတွေကြောင့် ကျွန်မတိုနာကျင်ခံစားရမယ်..ဒါပေမယ့်အဲ့ဒီအမှားတွေကနေပဲ ကျွန်မတိုသင်ယူစရာတွေရလိုက်တယ်။ ပြင်စရာရှိတာပြင်ပြီး ရှေ့ဆက်ကြရတယ်လေ..။”ဟုတ်ပါတယ်.. တကယ်တော့ ကျနော်တိုရဲ့အတွေ့အကြုံတွေကိုပြောတဲ့အခါ ကျနော်တိုလွဲဖူးတဲ့အလွဲလေးတွေကိုလည်း ချန်ထားပြီးပြောလိုမရပါဘူး။Viva a Vida(Cheers to Life)တဲ့ရုပ်ရှင်နာမည်က..။ Viva a Vida ဆိုတာက ပေါ်တူဂီဘာသာစကားပါ။အခက်အခဲတွေကိုရင်ဆိုင်ဖိုကြုံလာတဲ့အခါမှာလည်း အချင်းချင်းအားပေးစကားအနေနဲ့ Viva a Vida ဆိုပြီးပြောကြတယ်သူတိုရဲ့ပျော်ပွဲရွှင်ပွဲတွေ ရိုးရာအထိမ်းအမှတ်ပွဲတွေမှာလည်း ဖန်ခွက်ချင်းတိုက်တဲ့အခါ “Cheers”ဆိုတဲ့အဓိပ္ပာယ်နဲ့ သုံးကြတယ်။ဆုတောင်းပေးတဲ့သဘောကိုလည်းဆောင်သလိုအားပေးနှစ်သိမ့်ပေးတဲ့သဘောကိုလည်းဆောင်တယ်။“ရှင်သန်နေသ၍ ပျော်ရွှင်နေပါစေ”လို အနီးစပ်ဆုံး ဗမာမှုပြုလိုရပါတယ်။ဇာတ်လမ်းကိုပြောပြရရင် ဇာတ်လမ်းက ရိုးရိုးလေးနဲ့ဆန်းပါတယ်ဂျက်ဆီကာဆိုတဲ့ ဘရာဇီးနိုင်ငံသူ တစ်ကောင်ကြွက်မလေးက ရှေးဟောင်းပစ္စည်းအရောင်းဆိုင်မှာအလုပ်လုပ်နေတဲ့ အရောင်းစာရေးမလေးတစ်ဦးပါ။သူ့ရဲ့ခံယူချက်ကတော့ရှင်းတယ်..လူတွေကအနှေးနဲ့အမြန်ပဲ သူတိုသရုပ်မှန်တွေပေါ်လာမှာတဲ့.. ဒါကြောင့်မို တစ်ယောက်တည်းနေတာပဲကောင်းတယ်..တစ်ယောက်တည်းအထီးကျန်နေတယ်ဆိုတာ လူကြိုက်မများသေးတဲ့အရသာကောင်းတစ်ခုပဲတဲ့။တစ်နေ့ကျတော့ သူတိုဆိုင်ကို ပိုလိုက်တဲ့ ရှေးဟောင်းပစ္စည်းတွေကိုစစ်ရင်း လည်ဆွဲလေးတစ်ခုကိုအမှတ်မထင်သွားတွေ့လိုက်ရတယ်။အဲ့ဒီလည်ဆွဲလေးကသူကလေးဘဝတုန်းက သူ့အဘွားပေးခဲ့တဲ့ လည်ဆွဲလေးနဲ့ သွားတူနေတယ်။အဲ့ဒီပစ္စည်းတွေပိုလိုက်တဲ့သူဆီ ဆက်သွယ်စုံစမ်းကြည့်တော့ သူ့ဝမ်းကွဲအစ်ကိုတော်နေမှန်းသိလိုက်ရတယ်။အဲ့လိုနဲ့သူတိုနှစ်ယောက် ဒီလည်ဆွဲရဲ့ရာဇဝင်ကို အတူတူပြန်တူးဆွဖိုအတွက် လည်ဆွဲပိုင်ရှင်ကိုရှာဖွေဖို အစ္စရေးနိုင်ငံအထိ ခရီးနှင်ခဲ့ကြပါတယ်။ဟုတ်ပါတယ် ဇာတ်လမ်းက ရိုးရိုးလေးပါ။The Hero’s JourneyArchetype တွေအတိုင်းပဲ ဇာတ်ကောင်တွေရဲ့ ခရီးတစ်လျှောက်မှာ ရင်သပ်ရှုမောစရာတွေ..ရယ်စရာတွေ..နာကျင်စရာတွေ..ဝမ်းနည်းစရာတွေ..ကြုံရမယ်။ အခက်အခဲတွေကိုကျော်ဖြတ်မယ်။ဒါပေမယ့်တခြားရုပ်ရှင်တွေနဲ့မတူတာက ဒီရုပ်ရှင်ကတော်တော်လေး လက်တွေ့ဆန်ပါတယ်။အလွဲလွဲအချော်ချော်တွေနဲ့ ပရမ်းပတာတွေဖြစ်လေ့ဖြစ်ထရှိတာကိုလည်း သေသေချာချာကြီးပြထားတယ်ကျနော်တိုရဲ့ ဘဝတွေကိုပုံမှန်လည်ပတ်ဖိုကြိုးစားရင်း ကျနော်တိုရဲ့စွန့်စားလိုစိတ်တွေ တဖြည်းဖြည်းခမ်းခြောက်လာတယ်။အဲ့လိုဖြစ်လာတဲ့အခါ အချိန်နည်းနည်းလောက်ကိုယ့်ဘာသာကိုယ်ပြန်သုံးသပ်ဖိုလိုအပ်တယ်ဆိုတာကိုလည်း ဒီရုပ်ရှင်က ပြောပြသွားပါတယ်။နောက်ပြီး လူမှုစံနှုန်းတွေရဲ့လောင်းရိပ်အောက်ကနေ.. ရှင်သန်ပွင့်လန်းလာတဲ့အချစ်..မေတ္တာ..သံယောဇဉ်တိုအကြောင်းကိုလည်း ပါးပါးလေးမြင်ရပါလိမ့်မယ်။ကျနော်တို ဘယ်လိုလူတွေလဲဆိုတာကို သတ်မှတ်ပေးနေတာက ကျနော်တိုဘာတွေလုပ်ခဲ့လဲဆိုတဲ့အရာတွေပါပဲကျနော််တို ဖန်တီးပြုလုပ်လိုက်တဲ့အရာတွေကပဲ ကျနော်တိုရဲ့အနာဂတ်ကိုပုံဖော်သွားပါလိမ့်မယ်။ဒီလို Random(ဖြစ်ချင်တိုင်း)ဖြစ်နေတဲ့ လောကကြီးရဲ့ အဖြစ်အပျက်တွေတိုင်းမှာသူ့ရည်ရယ်ချက်နဲ့သူရှိပါတယ်။“လူတွေက သူတိုဘယ်ကနေလာခဲ့လဲဆိုတာကိုတောင်မသိရင် သူတိုဘယ်ကိုဆက်သွားရမလဲဆိုတောကို ဘယ်လိုလုပ်ပြီးသိနိုင်တော့မှာလဲ..။ကျွန်မတိုရဲ့အတိတ်ကိုကောင်းကောင်းကြီးနားလည်ထားမှသာ ကျွန်မတိုရဲ့ အနာဂတ်ကို ခပ်ရေးရေးမြင်နိုင်မှာမလား..။”