ယခုတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းလေးကတော့ ပန်ချာပီ ဟာသကားလေးဖြစ်ပါတယ်။ဘဝမှာ အိပ်မက်တစ်ခုပဲရှိပါတယ်၊ အဲဒီအိပ်မက်ကတော့ မိန်းမယူချင်တာပါဆိုတဲ့ ဘန်တေဆိုတဲ့ကောင်လေးဟာ ရွာပတ်ဝန်းကျင်မှာပါ ဂုဏ်သတင်းတစ်ခုနဲ့ နေတဲ့ ဇိုရာဝါဆင်းဂ်ဆိုတဲ့ လူကြီးရဲ့မြေးမလေး ဘာဘီနဲ့ လက်ထပ်ဖို့အတွက် ဖြစ်လာပါတော့တယ်။မင်္ဂလာပွဲလုပ်ဖို့အတွက် ဘန်တေတစ်ယောက် ဘာဘီရှိရာ ရွာလေးကို ရောက်လာခဲ့ပါတော့တယ်။အဲဒီမှာ ဇိုရာဝါဆင်းဂ်တို့ အိမ်က စားပွဲထိုးတဲ့သူတွေအကုန်လုံးဟာ သေနတ်ကိုယ်စီကိုင်ထားတာကိုထူးဆန်းစွာ တွေ့လိုက်ရပါတယ်။ ဒီနောက်မှာတော့ ဇိုရာဝါဆင်းဂ်ရဲ့ လူတွေဟာ ဘန်တေ့ကို မင်္ဂလာပွဲကနေ ပြန်ပေးဆွဲသွားရာကဘာဘီတစ်ယောက် သူ့ သတို့သားလောင်းလေးကို ဘယ်လို ဘယ်ပုံလိုက်လို့ရှာမလဲဆိုတာကို ဟာသလေးတွေနဲ့အတူ ဆက်လက်ကြည့်ရှုပေးကြပါဦး။