Kids from Shaolin HD

Kids from Shaolin

Action Comedy HD 1984-01-26 6.1 103 Min

၁၉၈၄ က ထွက်ရှိထားတဲ့ “Kids From Shaolin” ကားဟာဆိုရင် ၁၉၈၂ က ထွက်ထားတဲ့ The Shaolin Temple ပြီးတဲ့နောက် ဂျက်လီရဲ့ ဒုတိယမြောက်ရှောင်လင်ကားဖြစ်ပါတယ်။ The Shaolin Templeထဲက သူ့ဆရာအဖြစ်သရုပ်ဆောင်ထားတဲ့ Yu Hai လည်း ဒီကားထဲမှာ ပြန်ပါလာတာကိုတွေ့ရမှာပါ။ဇာတ်လမ်းကတော့ The Shaolin Temple နဲ့ဆက်စပ်မှုမရှိပါဘူး။ မြစ်တစ်ဖက်စီမှာ လုံ(နဂါး)မိသားစုနဲ့ဖုန်း(မီးငှက်)မိသားစုတို့ရှိကြပါတယ်။ မိသားစုနှစ်စုလုံးက ထူးခြားပါတယ်။ ဖုန်းအိမ်မှာ သမီးချည်းပဲဖြစ်နေလို့ ဖုန်းမိသားစုရဲ့ ဝူထန်ဓားသိုင်းကို ဆက်ခံစေချင်တဲ့အတွက် သားနဂါးလေး မွေးဖွားစေချင်နေပြီးလုံအိမ်ကတော့ သားနဂါး ၁၀ ယောက်တောင်ရှိနေပြီး ဝူထန်ဓားသိုင်းကို အင်မတန်စိတ်ဝင်စားနေကြတဲ့ ရှောင်လင်မိသားစုပါ။ ဒီလို ဆန့်ကျင်ဘက်ဖြစ်နေတဲ့ လုံနဲ့ဖုန်းအိမ်ဟာလူကြီးအချင်းချင်းရန်စောင်နေကြရာကနေ မထင်မှတ်ဘဲ သားနဂါးများနဲ့ သမီး မီးငှက်တွေ ခင်မင်ရင်းနှီးသွားကြတဲ့အခါ…လုံအိမ်နဲ့ ဖုန်းအိမ်က ဖခင်ကြီးတို့ သားသမီးတွေကို ဘယ်လိုပညာပေးမလဲ။ သားသမီးတွေကရော မိဘတွေတားနေတဲ့ကြားက ဆက်ပြီးခင်မင်ရင်းနှီးကြမှာလားဆိုတာကိုတော့ ရှောင်လင်သိုင်းကားတို့ထုံးစံသိုင်းကွက်အကအလှတွေပါဝင်ပြီး IMDb 6.2/10 ရထားတဲ့ ရှောင်လင်ကလေးများဇာတ်လမ်းမှာ ခံစားကြည့်ရှုလိုက်ကြပါဦး။