ဘာပဲနေနေ သီချင်းလေးဆိုလိုက်ရမှ နေသာထိုင်သာရှိတဲ့ရွာလေးကသီချင်းဝါသနာအိုး ပန်ချာပီလူငယ်လေးတစ်ယောက်အကြောင်းရိုက်ကူးထားတဲ့ ရုပ်ရှင်လေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။စစ်တာရာဟာ ငယ်စဉ်ကတည်းက ပြဇာတ်တို့သီချင်းဆိုတာတို့ကို အင်မတန်ဝါသနာထုံတဲ့ကလေးတစ်ယောက်ဒါပေမဲ့ဘဝကြီးကအခြေအနေမပေးတဲ့အပြင်မောင်နှမတပုံတပင်နဲ့ မိတဆိုးလေးဆိုတော့ မောင်နှမတွေကိုဂရုစိုက်ရဖို့က စစ်တာရာပခုံးပေါ်ရောက်လာပါတော့တယ်။ဒါပေမဲ့ စစ်တာရာကတော့လက်မလျှော့ဘဲ သီချင်းတွေဆိုသီချင်းတွေရေးဖို့ ရသလောက်ကြိုးစားနေဆဲပါပဲ။ဒီလိုနဲ့ သူ့ရဲ့ မောင်နှမတွေ အရွယ်ရောက်လာချိန်မှာအဆိုတော်ကြီးအနေနဲ့ အောင်မြင်အောင်လုပ်ဖို့ ရွာကနေထွက်မြို့တက်ဖို့အလုပ် သူ့လိုပဲ အဆိုပါရမီပါတဲ့ကောင်မလေးတစ်ယောက်နဲ့ ဆုံဆည်းတဲ့အခါမှာတော့…