Una Pequeña Confusión HD

Una Pequeña Confusión

Comedy HD 2024-12-25 7.5 107 Min

“Una Pequeña Confusión” သည် လိုလာ နှင့်ကွာဟု၊ အီနီဂိုနှင့် မာဂျို စသည့်မိသားစုနှစ်စုအကြားမှာ ဖန်ပြွန်သန္ဓေသားကိုအသုံးပြုရာကနေ ဆေးရုံရဲ့မှားယွင်းမှုကြောင့်မျိုးဗီဇကိုဖလှယ်မိသဖြင့် တစ်ယောက်ရဲ့ကလေးကို တစ်ယောက်ကိုယ်ဝန်ဆောင်လိုက်ရပါတော့တယ်။ဇာတ်လမ်းကို ဒါရိုက်တာ Ariel Winograd ရိုက်ကူးထားပြီးဇာတ်ညွှန်းကို Marcos Bucay ရေးသားထားသည်။အမှန်တကယ်ဖြစ်ခဲ့သော အကြောင်းအခြေခံထားတာဖြစ်ပြီး မတူညီသော လူမှုအတန်းအစားနှင့်သဘောထားများရှိသော မိသားစုနှစ်စုအကြား ပဋိပက္ခများဖြစ်ပေါ်လာတာကိုလည်းဟာသအနေနေနဲ့ရိုက်ပြထားပြီးတော့ စိတ်ထိခိုက်ဖွယ်ရာမိသားစုအဖြစ်မျအပျက်များကိုလည်း ပြသထားပါသည်။ဒီကားက ရယ်မောစရာအပြည့်နဲ့ စိတ်လှုပ်ရှားမှုတွေကို တစ်ပြိုင်နက်တည်းပေးနိုင်တယ်။မတူညီတဲ့အတွေးအခေါ်နဲ့လူမှုအခြေအနေများကြားက နားလည်မှု၊ သံယောဇဉ်တွေအကြောင်းကို ပေါ်လွင်အောင်ပြသထားတယ်။အနုပညာပေါင်းစပ်မှုကောင်းတဲ့ ဇာတ်ကောင်တွေကြားက ဆက်ဆံရေးဟာ ဇာတ်လမ်းကိုနွေးထွေးတဲ့ခံစားမှုတစ်ခုဖြစ်ပေါ်စေပြီး မိသားစုဆိုတာ မတူညီတာတွေအပေါ် မူတည်တာမဟုတ်ဘဲသဘောထားနဲ့ချစ်ခြင်းက အဓိကဖြစ်တယ်ဆိုတာနားလည်လာရစေပါတယ်ဘဝထဲမှာ ဖြစ်လာနိုင်တဲ့ မထင်မှတ်တဲ့အရာတွေကို ရယ်ရင်းခံစားရမယ့်အတွေ့အကြုံပေးတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်တယ်။