ဒီတစ်ခါမှာတော့ ဘောလိဝုဒ်ပရိသတ်ကြီးအတွက်ရသစုံကြည့်ရှုခံစားရမဲ့ ဒရာမာဇာတ်လမ်းကောင်းတစ်ပုဒ်ကိုမိတ်ဆက်ပေးချင်ပါတယ်။ပူရ်နာဟာ အောင်မြင်လူကြိုက်များတဲ့ ဆိုရှယ်အင်ဖလူရန်ဇာဘ၀ကနေသရုပ်ဆောင်ဘ၀ကို တက်လှမ်းနိုင်ခဲ့တဲ့ တက်သစ်စမင်းသမီးတစ်ယောက်ပါ။ဒါပေမဲ့ သူ့အလုပ်ကို မိသားစုကရော ချစ်သူကပါ မကြည်ဖြူပါဘူး။သူ့အိပ်မက်တွေကို ပုံဖော်ခွင့်ရတော့မယ် သူ့အနာဂတ်ဟာ တောက်ပနေပြီလို့ထင်ရပေမဲ့ အနှောင့်အယှက်ကြီးကြီးတစ်ခု ၀င်လာခဲ့ပါတယ်။ တစ်နေ့တော့သူ့အလုပ်နဲ့ပတ်သက်ပြီး ချစ်သူနဲ့ အကြီးအကျယ်စကားများရာကနေပြဿနာအစပျိုးလာတာ ဖြစ်ပါတယ်။ပူရ်နာတစ်ယောက် အညွှန့်တလူလူတက်ရမဲ့အချိန်မှာ အညွှန့်ချိုးခံရတဲ့အဖြစ်မျိုး ကြုံလိုက်ရတာပါ။အဲဒီအဖြစ်ကြောင့် ပူရ်နာဟာ သတ်သေဖို့ကြိုးစားပေမဲ့လည်း မအောင်မြင်တာကြောင့်သူ့ကိုသတ်ဖို့ လူသတ်သမားကို ကိုယ်တိုင်ငှားရမ်းလိုက်ပါတယ်။ဒီလိုနဲ့ ပူရ်နာတစ်ယောက် ဘာတွေဆက်ကြုံတွေ့ရမဲ့၊သူ့ကိုယ်သူသေအောင်လုပ်မဲ့ အကြံကအောင်မြင်ပါ့မလားဆိုတာကို တွေးတောဆင်ခြင်စရာတွေနဲ့အတူ စိတ်၀င်တစားကြည့်ကြရမှာပါ။