Like for Likes HD

Like for Likes

Comedy Romance HD 2016-02-17 7.3 120 Min

နိုဂျင်အူ (Yoo Ah-in)ဟာ စစ်မှုထမ်းပြီးတာ မကြာသေးတဲ့ နာမည်ကြီးသရုပ်ဆောင် တစ်ယောက်ဖြစ်ပြီးဂျိုဂယောင်းအာ (Lee Mi-yeon) ကတော့ ဇာတ်လမ်းတွဲတွေရေးတဲ့ဇာတ်ညွှန်းရေးဆရာမတစ်ယောက်ဖြစ်ပါတယ်။ဂယောင်းအာက သူ့ရဲ့ဇာတ်လမ်းတွဲအသစ်ထဲမှာ ပါဝင်ဖို့ နိုဂျင်အူကို ကမ်းလှမ်းခဲ့ပေမဲ့ နိုဂျင်အူကတော့ ငြင်းပယ်ခဲ့ပါတယ်။တစ်နေ့မှာတော့မင်္ဂလာဆောင်တစ်ခုမှာ နိုဂျင်အူဟာ ဂယောင်းအာရဲ့သားလေး ဘုမ်းလေး ကို ရုတ်တရက် တွေ့လိုက်ရပြီးတဲ့နောက်မှာအတိတ်က ဇာတ်လမ်းတစ်ခုကြောင့် ဘုမ်းလေးက သူ့ကလေးများဖြစ်နေမလားဆိုတဲ့သံသယတွေ ဝင်လာခဲ့ပါတော့တယ်။ဂျောင်ဆောင်ချန်း (Kim Joo-hyuk) ကတော့ ဂျပန်စားသောက်ဆိုင်လေးတစ်ဆိုင်ဖွင့်ထားတဲ့ သူတစ်ယောက်ဖြစ်ပြီးချစ်သူနဲ့ လက်ထပ်ပြီးရင် အတူနေဖို့အတွက်တိုက်ခန်းလေး တစ်ခန်း ငှားရမ်းဖို့လိုက်ရှာရင်းကနေလေယာဥ်မယ်လေး ဟမ်ဂျူရန် (Choi Ji-woo) ဆီကနေ အခန်းငှားရမ်းဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့ ကံအကြောင်းမလှချင်တော့ ဆောင်ချန်းဟာ ချစ်သူရဲ့လမ်းခွဲခြင်းကို ခံလိုက်ရပြီးနောက် တစ်ချိန်တည်းမှာပဲဂျူရန်ကလည်း ရင်းနှီးမြှုပ်နှံမှုတစ်ခုလုပ်ရာကနေ ပိုက်ဆံအလိမ်ခံလိုက်ရပြီး ခိုကိုးရာမဲ့နေချိန်မှာ ဆောင်ချန်းကသူငှားထားတဲ့ တိုက်ခန်းမှာ ဂျူရန်နဲ့အတူနေထိုင်ဖို့ လမ်းလှမ်းဖြစ်ခဲ့ပါတယ်။အီဆူဟို (Kang Ha-neul) ကတော့ သီချင်းရေးဆရာတစ်ဦးဖြစ်ပြီး အထက်တန်းကျောင်းသားဘဝတုန်းကကားမတော်တဆမှုကြောင့် အကြားအာရုံချို့ယွင်းခဲ့ရသူပါ။သူဟာ ဆောင်ချန်းရဲ့စားသောက်ဆိုင်ကပုံမှန်ဖောက်သည်တစ်ဦးဖြစ်ပြီး တစ်နေ့မှာတော့ စားသောက်ဆိုင်ထိုင်နေရင်း ဇာတ်လမ်းတွဲ ထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ဂျန်နာယွန်း (Esom) နဲ့ တွေ့ဆုံခဲ့ရာကနေနှစ်ဦးသား ရင်းနှီးသွားကြပါတော့တယ်။အဲဒီနောက်မှာ facebookကနေတစ်ဆင့် မက်ဆေ့ချ်တွေ အပြန်အလှန် ပို့ခဲ့ကြပြီး နှစ်ဦးသား ဒိတ်တွေလည်း လုပ်ခဲ့ကြပေမဲ့ဆူဟိုဟာ သူ့ရဲ့အကြားအာရုံချို့ယွင်းမှုအကြောင်းကို နာယွန်းကို ဖွင့်မပြောနိုင်ဘဲ ဖြစ်နေခဲ့ရပါတယ်။ဒီစုံတွဲလေး သုံးတွဲရဲ့ အချစ်ဇာတ်လမ်းလေး သုံးပုဒ်ဟာ နောက်ဆုံးမှာပျော်ရွှင်ဖွယ်အဆုံးသတ်လေးဖြစ်သွားနိုင်မလား….ဆိုရှယ်မီဒီယာကို အသုံးပြုပြီး သူတို့ရဲ့ အချစ်တွေကို ဘယ်လိုဖော်ကျူးသွားမှာလဲ….ဆိုတာကိုတော့ဇာတ်လမ်းလေးထဲမှာဆက်လက်ကြည့်ရှုပေးပါဦးနော်။