ဒီယူကရိန်းဟာသရုပ်ရှင်ကို စစက ၂၀၂၂မှာ ပြသဖို့ ရည်ရွယ်ထားပေမဲ့ နိုင်ငံရေးအခြေအနေအရ အခုမှပဲ ပြသဖြစ်ခဲ့တယ်။ဇာတ်လမ်းကတော့ အကျင့်ပျက်ခြစားတဲ့ ယူကရိန်းအစိုးရဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ တိုမက်ဟာ ငွေဘုန်းထားတာတွေပေါ်သွားလို့ အဖမ်းခံရတော့မယ့်အချိန်မှာစထားတယ်။ သူက သူ့ပုန်းခိုအိမ်ရှိတဲ့ဆီကိုထွက်ပြေးဖို့ ကြိုးစားခဲ့တယ်။အဲဒီအိမ်က မြို့ပြင်ကမိသားစုတွေ ပျော်ပွဲစားထွက်ကြတဲ့နားမှာရှိနေတယ်။သူပိုင်တဲ့ရတနာတွေက အဲဒီမိသားစုတွေနားမှာ ရှိနေတာကြောင့် အဲဒီမိသားစုတွေကို ခြောက်ထုတ်ပြီး သူ့ရတနာတွေကို ယူဖို့လုပ်တာကအလွဲလွဲအချော်ချော်တွေလည်းဖြစ်လာတာမို့ အလွဲလွဲအချော်ချော်မိသားစုနဲ့ အလွဲလွဲအချော်ချော်လူဆိုးကြားက အလွဲလွဲအချော်ချော်အဖြစ်တွေကို ကြည့်ရမယ့်ရုပ်ရှင်ပါပဲ။