အိန္ဒိယမှာ မဟတ္တမဂန္ဒီရဲ့ သက်ရောက်မှုက ယနေ့အထိ ရှိနေတုန်းပါပဲ။ဂန္ဒီကို ဂုဏ်ပြုတဲ့အနေနဲ့ ဂန္ဒီဂျယန်တီနေ့သတ်မှတ်ပြီးအဲဒီနေ့မှာ အကြမ်းဖက်မှုကို တားဆီးတဲ့အနေနဲ့အသားဆိုင်တွေအကုန်ပိတ်ပြီး အရက်ဘီယာဆိုင်တွေဖွင့်တာအရက်သေစာရောင်းတာကို ပိတ်ပင်ထားပါတယ်။ဆနေဟာကတော့ ကြက်သားကြိုက်တဲ့ကောင်မလေးဖြစ်ပြီးသူတို့အိမ်မှာ တနင်္ဂနွေနေ့တိုင်းမှာ အမေကဆနေဟာအကြိုက် ကြက်သားဟင်းအမြဲချက်ပေးနေကြပါ။ဒါပေမဲ့ တစ်ရက်မှာတော့ တနင်္ဂနွေနေ့နဲ့ဂန္ဒီဂျယန်တီနေ့က တိုက်ဆိုင်ပြီး ကြက်သားဝယ်မရတော့ပါဘူး။အဲဒါနဲ့ တစ်အိမ်လုံးကို ပတ်ပြီးပူဆာတာကလည်းအကြောင်းမထူးတော့ ယမကာလုလင်အဖေရဲ့ ပုလင်းကို ဖျောင်လိုက်ပါတော့တယ်။ဒီလိုနဲ့ အရက်ရှာပုံတော်ဖွင့်မယ့်အဖေနဲ့ ကြက်သားရှာပုံတော်ဖွင့်မယ့်သမီးတို့ရဲ့ဂယက်ကိုရှုစားရင်း ရယ်မောခြင်းနဲ့ ဘဝအမောတွေ ဖြေလိုက်ကြပါဦးစို့