The Uninvited HD

The Uninvited

Comedy Drama HD 2025-04-11 5.727 98 Min

ဒီဇာတ်လမ်းလေးရဲ့အစကတော့ Hollywood Hills မှာနေတဲ့ လင်မယားနှစ်ယောက်ဖြစ်တဲ့ Sammy နဲ့ Rose က ညနေခင်းပါတီပွဲတစ်ခု သူတိုအိမ်မှာ စီစဉ်ထားကြတယ်။ဒါပေမယ့် ပါတီပွဲစပြီးကျင်းပနေတဲ့အချိန်မှာပဲ Helen ဆိုတဲ့ အဘွားကြီးတစ်ယောက်က သူတိုအိမ်ကိုရောက်လာပြီး အဲဒါသူ့ရဲ့အိမ်ပါလို ပြောလာတယ်။Rose လည်း လမ်းပျောက်နေပုံရတဲ့ Helen ကို အိမ်ထဲခေါ်ပြီး Helen ရဲ့မိတ်ဆွေတွေဆီကို ဖုန်းဆက်အကူအညီတောင်းခဲ့တယ်။အဲဒီမှာ Rose သိလိုက်ရတာက Helen မှာ ရောဂါတစ်ခုရှိပြီးတော့ မကြာခင်ဆုံးတော့မယ်ဆိုတာကိုပါပဲ။အဲဒီအပြင် Ross ရဲ့ ရည်းစားဟောင်းLucian ပါတီပွဲကို ရောက်လာတာတွေ၊ Helen ရဲ့ သူငယ်ချင်းကို ဖုန်းဆက်ပြီး လာခေါ်ခိုင်းတာတွေနဲ့ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ သရုပ်ဆောင်လောကရဲ့အသက်အရွယ်အရေးပါမှုတွေ၊ တကယ့်လက်တွေ့ ဟောလိဝုဒ်ရဲ့ အိမ်ထောင်ရေးနဲ့ ဆက်ဆံရေးပြဿနာတွေနဲ့အတူ ဟာသနှောပြီး ကြည့်ရှုရမှာပဲဖြစ်ပါတယ်။