The Neighbors HD

The Neighbors

Thriller Mystery HD 2012-08-22 7.3 110 Min

ဒီတစ်ခါမှာတော့ ရုံတင်တုန်းက လက်မှတ်ပေါင်း 2.43သန်းရောင်းချခဲ့ရတဲ့အပြင်ဆုကြီးတွေကိုလည်း ဆွတ်ခူးနိုင်ခဲ့တဲ့ လျှို့ဝှက်သည်းဖိုရုပ်ရှင်ကားကောင်းတစ်ကားကိုပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။Castတွေအဖြစ်လည်း ပရိသတ်အားလုံး ရင်းနှီးပြီးသားဖြစ်တဲ့ မင်းသားကြီး MaDong Seok,မင်းသားကြီး Kim Sung Kyun နဲ့အတူ မင်းသမီး Kim Sae Ron ကဇာတ်ကောင် 2ခုအဖြစ် အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့ဂန်ဆန်းအိမ်ရာမှာနေထိုင်တဲ့အလယ်တန်းကျောင်းသူလေး ဝန်ယောဆွန်းကို ပျောက်ဆုံးပြီးနောက်၁၀ရက်အကြာမှာ ခရီးဆောင်အိတ်ထဲကနေ သေဆုံးလျက်တွေ့ရှိခဲ့ပါတယ်။ဒါကြောင့် တိုက်ခန်းမှာနေထိုင်သူအားလုံးဟာအဲဒီသတင်းကြောင့် ထိတ်လန့်တုန်လှုပ်ပြီး နေနေရတော့တာပေါ့။ဒါပေမဲ့ လူသတ်သမားဖြစ်သူ ရူ‌ဆွန်းဟျော့ကတော့ သူ့ကိုသံသယဝင်ပြီး သူ့အိမ်ထဲကိုဝင်လာတဲ့အိမ်နီးနားချင်းတိုင်းကို သတ်ပစ်ပြီးသူ့ရဲ့နောက်ထပ်ပစ်မှတ်ကတော့ သူသတ်ခဲ့တဲ့ ကျောင်းသူလေးနဲ့ရုပ်ချင်းဆင်တူတဲ့ ကျောင်းသူ ယူဆူယွန်းပဲဖြစ်ပါတယ်။ဒါကြောင့် နောက်ဆုံးမှာ ဒီလိုစိတ္တဇဆန်ပြီး သွေးအေးတဲ့လူသတ်သမားကိုဖမ်းဆီးသွားနိုင်မှာလား…လူသတ်သမားကပဲ သူ့ရဲ့နောက်ထပ်ပစ်မှတ်ကို သတ်နိုင်သွားမှာလားဆိုတာကိုရင်တမမနဲ့ ကြည့်ရှုရမယ့်အပြင် မြှုပ်ကွက်လေးတွေပါဝင်တဲ့ကြည့်ရတာတန်တဲ့ရုပ်ရှင်ကားကောင်းမလို့ ညွှန်းပေးလိုက်ပါတယ်နော်။