Diablo HD

Diablo

Action Thriller HD 2025-06-13 8 100 Min

ဒီရုပ်ရှင်က ကိုလံဘီယာ-အမေရိကန်ပူးပေါင်းထုတ်လုပ်ထားတဲ့ အက်ရှင်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ဒါရိုက်တာ Ernesto Díaz Espinoza ရဲ့ လက်ရာပါ။ဇာတ်လမ်းရဲ့အဓိကဇာတ်ကောင်ကတော့ထောင်ကပြန်လွတ်လာတဲ့ ကရစ်ချီနီ (Kris Chaney) အဖြစ် Scott Adkins က သရုပ်ဆောင်ထားပါတယ်။ကရစ်ဟာ ထောင်ကထွက်လာပြီး သေဆုံးသွားတဲ့ မိခင်တစ်ဦးရဲ့ကတိတစ်ခုကို ဖြည့်ဆည်းဖို့ အန္တရာယ်များတဲ့ မစ်ရှင်တစ်ခုကို စတင်ခဲ့ပါတယ်။သူဟာ ကိုလံဘီယာဂိုဏ်းစတားခေါင်းဆောင် ဗင်ဆင့်(Vicente) ရဲ့သမီး အဲလီဆာ (Elisa) ကို ပြန်ပေးဆွဲခဲ့ပြီး ဒီလုပ်ရပ်က သူ့ဘဝကို ပိုမိုအန္တရာယ်များသွား​စေပါတယ်။ဗင်ဆင့်ဟာ သူ့သမီးကို ပြန်ယူဖို့ ရာဇဝတ်လောကတစ်ခုလုံးကို လှုံ့ဆော်ပြီးစိတ္တဇလူသတ်သမား အဲလ်ကော်ဗိုကို ငှားရမ်းခဲ့ပါတယ်။အဲလ်ကော်ဗိုဟာ ဗင်ဆင့်ရဲ့မိသားစုကို လက်စားချေဖို့ လိုက်လံခြိမ်းခြောက်နေသူပါ။ကရစ်ဟာ အဲလီဆာကို ကာကွယ်ရင်း သူ့ရဲ့ကတိကို ထိန်းသိမ်းဖို့ထောင်ထဲမှာရော အပြင်မှာပါ သင်ယူခဲ့တဲ့ တိုက်ခိုက်ရေးကျွမ်းကျင်မှုအားလုံးကို အသုံးပြုရပါတယ်။ဒီရုပ်ရှင်ဟာ ပြင်းထန်တဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေနဲ့ ပြည့်နေပြီးတော့ Scott Adkins နဲ့ Marko Zarorတို့ရဲ့ လက်ချင်းယှဉ်ထိုးတဲ့ တိုက်ခိုက်ရေးပုံစံတွေကို အဓိကထားပြသထားလို့ ကြည့်ရတာ တကယ်ကို ကောင်းပါတယ်။ဒါ့အပြင် လွတ်လပ်တဲ့ခံစားချက်၊ ပြန်လည်အဖတ်ဆယ်ယူ​တဲ့ ကတိစတာတွေကိုလည်း နည်းနည်းထည့်သွင်းထားပါတယ်။ဒီရုပ်ရှင်ကို ၂၀၂၅ ခုနှစ် ဇွန်လ ၁၃ ရက်မှာ ရုံတင်ပြသခဲ့ပြီး အခုချိန်မှာ​တော့ Channel Myanmar မှာ မြန်မာစာတန်းထိုးနဲ့ စတင်ကြည့်ရှုနိုင်ပါပြီဗျ။