မင်းသားကြီး Kang Dong Won , အားလုံးရဲ့ အသည်းစွဲမင်းသမီးလေး Han Hyo Joo နဲ့အတူ ပရိသတ်ကြီးတို့နဲ့ မစိမ်းတဲ့သရုပ်ဆောင်တွေဖြစ်ကြတဲ့ Kim Dae Myung , Kim Eui Sung နဲ့Kim Sung Kyun တို့ အဓိက ပါဝင်ရိုက်ကူးထားတဲ့ action ,thriller ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။~ ဇာတ်လမ်းအညွှန်း ~ပါဆယ်လိုက်ပို့ပြီး ဘဝကို ရိုးရိုးရှင်းရှင်းနဲ့ အချိန်ကုန်ဆုံးပြီး ဖြတ်သန်းနေတဲ့သာမန်ပြည်သူလေး ဂင်ဂွန်းအူဟာ သူ့ရဲ့ ရိုးသားမှုနဲ့ သတ္တိရှိမှုကြောင့် စံပြပြည်သူဆုကိုချီးမြှင့်ခြင်းခံထားရသူတစ်ဦးပဲဖြစ်ပါတယ်။အဲဒီလိုနဲ့ တစ်နေ့ သမ္မတလောင်း ယူယောင်းဂုရဲ့ သေဆုံးမှုမှာ ပါဝင်ပတ်သက်ခဲ့ပြီးလုပ်ကြံသတ်ဖြတ်သူအဖြစ် စွပ်စွဲခံရလိုက်တဲ့အခါမှာတော့….ရိုးသားကြိုးစားတဲ့ ဂင်ဂွန်းအူတစ်ယောက် စွပ်စွဲခံရတဲ့အမှုကနေ လွတ်မြောက်အောင် ဘယ်လိုကြိုးပမ်းသွားမလဲ…သူ့ရဲ့ ရိုးသားဖြောင့်မတ်တဲ့ “စံပြပြည်သူ” ဆိုတဲ့ ဂုဏ်ပုဒ်လေးကိုရော အဖတ်ပြန်ဆယ်သွားနိုင်ပါ့မလား..ဆိုတာကို တော့ ဇာတ်ကားလေးထဲမှာပဲ…