The Horse Whisperer HD

The Horse Whisperer

Drama Adventure Romance HD 1998-02-01 6.892 169 Min

Horse Whisperer ဆိုတဲ့အတိုင်း လူနဲ့တိရိစ္ဆာန်တွေကြားက ချစ်ခြင်းမေတ္တာ၊ မိသားစုကြားက နွေးထွေးမှု၊ မွန်တာနာကျေးလက်ဒေသက သဘာဝအလှတရားတွေ စတာတွေအကုန်လုံးကိုစုံလင်စွာကြည့်ရှုနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်…………. စိတ်ဒဏ်ရာတွေကို ကုစားဖို့က မေတ္တာတရားနဲ့ အချိန်ကာလတစ်ခုပဲ လိုအပ်တယ်ဆိုတာကို ပြသပေးသွားမယ့်ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်………….ဆယ်ကျော်သက်အရွယ် ဂရေ့စ်နဲ့ သူ့အချစ်ဆုံးသူငယ်ချင်း ဂျူဒီတို့က မြင်းစီးထွက်လာခဲ့ကြရင်း မတော်တဆမှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရာကနေ သူ့အချစ်ဆုံးသူငယ်ချင်း ဂျူဒီဟာ သေဆုံးသွားခဲ့ရတယ်။ဂရေ့စ်ရော ဂရေ့စ်ရဲ့ မြင်း Pilgrimရော ဆိုးရွားတဲ့ဒဏ်ရာတွေရရှိခဲ့ကြပြီး ဂရေ့စ်အတွက် စိတ်ရောကိုယ်ပါ ထိခိုက်မှုတွေ ဖြစ်သွားစေခဲ့တယ်။ Pilgrim ကလည်း ဒီမတော်တဆမှုကြောင့်စိတ်ဒဏ်ရာအပြင်းအထန်ရရှိခဲ့တာကြောင့် ဂရေ့စ်ရဲ့ အမေ အန်နီက သူ့သမီးရဲ့မြင်းကို ကုစားပေးဖို့ မွန်တာနာကျေးလက်ဒေသရှိ Tom Booker ဆီကို ခေါ်သွားခဲ့ပါတယ်။Tom Booker က မြင်းတွေရဲ့စိတ်ကို နားလည်နိုင်စွမ်းရှိသူဖြစ်ပြီးတော့ Grace နဲ့ Pilgrim တို့ကို စိတ်ရှည်ရှည်နဲ့ ပြန်လည်ကုစားပေးဖို့ ကူညီပေးခဲ့တယ်။ အချိန်ကြာလာတာနဲ့အမျှ Annie နဲ့ Tom တို့ကြား ရင်းနှီးမှုတွေ တိုးလာခဲ့ပြီးရှုပ်ထွေးတဲ့စိတ်ခံစားချက်တွေ ဖြစ်လာခဲ့တယ်။ ဒီစိတ်ခံစားချက်ကြောင့် Annie ရဲ့ အိမ်ထောင်ရေးနဲ့ မိသားစုဘဝကို စိန်ခေါ်မှုတွေဖြစ်လာခဲ့တဲ့အခါမှာ… Annie က ဘယ်သူ့ကို ရွေးချယ်မှာလဲ????သမီးလေးရဲ့အဖေ Robert လား ဒါမှမဟုတ် သူချစ်မိသွားခဲ့တဲ့သူ Tom လားဆိုတာကိုတော့ The Horse Whisperer ဆိုတဲ့ ဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါအုံး………………….