ဂျန်းနက်ရဲ့နိုင်ငံရေးအောင်ပွဲအနေနဲ့ ဂျန်းနက်နဲ့ဘေလ်တို အိမ်မှာကျင်းပတဲ့ပါတီ တစ်ခုဟာ မိနစ်ပိုင်းအတွင်း အရှုပ်တော်ပုံကြီးအဖြစ် ပြောင်းလဲသွားပါတယ်။ ဂျန်းနက်ရဲ့ နိုင်ငံရေးအောင်မြင်မှု၊ ဘေလ် ရဲ့ကျန်းမာရေးပြဿနာ၊ မိတ်ဆွေတွေရဲ့ လျှိဝှက်ချက်တွေနဲ့ သစ္စာဖောက်မှုတွေဟာ ပါတီမှာအကုန်ပေါ်ပေါက်လာပြီး အချင်းချင်းဘယ်လိုဖြေရှင်းကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပါ။” Party ဟာဘဝရဲ့ အမှောင်ဆုံးနဲ့ ဟာသဆန်ဆန် မိနစ်တွေကို ရောစပ်ထားတယ်” ဆိုတဲ့ ဝေဖန်သူတွေရဲ့ မှတ်ချက်အတိုင်း ဒီဇာတ်ကားလေးဟာ လူမှုဆက်ဆံရေးရဲ့ ရှုပ်ထွေးမှုတွေကို ဟာသဉာဏ်နဲ့ ထောက်ပြတဲ့ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ဒါကြောင့် Dark Comedy ဇာတ်လမ်းအမျိုးအစားကို ကြိုက်နှစ်သက်သူတိုင်း မပြတ်ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။