နတ်ဆိုးနဲ့အပေးအယူလုပ်တာ၊ လက်ထပ်တာ၊ ကတိကဝတ်ပြုတာမျိုးတွေကို လူတွေဟာကြံရာမရဖြစ်ချိန်တွေမှာ ကောက်ရိုးလေးတစ်မျှင်အနေနဲ့လုပ်လေ့လုပ်ထရှိကြပြီးပြဿနာတွေပြေလည်ပြီးလို့ပြန်လည်ပေးဆပ်ရမယ့်အချိန်ရောက်လာတဲ့အခါ ပေးလိုက်ရတဲ့ တန်ဖိုးတွေဟာ မတန်တဆဖြစ်နေတတ်တာကိုမြင်ဖူးကြမှာပါ။အောက်လမ်း၊ မှော်ပညာ၊ နတ်ဆိုးအစရှိတဲ့အရာတွေဟာ မတို့ထိသင့် မပတ်သက်သင့်တဲ့အရာတွေဖြစ်နေလို့ပါပဲ။အင်ဒိုနီးရှားနိုင်ငံမှာတော့ စည်းစိမ်ဥစ္စာအတွက်၊ ကျန်းမာရေးအတွက် နတ်ဆိုးနဲ့လက်ထပ်တဲ့ အလေ့အထဟာအခုချိန်ထိအမြစ်တွယ်နေဆဲလို့ဆိုပါတယ်။ဒီဇာတ်ကားမှာတော့ ထွက်ပေါက်မဲ့နေတဲ့ အိမ်ရှင်မတစ်ယောက်၊ ကြံရာမရဖြစ်ချိန်မှာဒီအစီအရင်ကိုလုပ်ခဲ့မိပြီးကြောက်စရာအကျိုးဆက်တွေနဲ့ရင်ဆိုင်ရတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။အဲ့ဒီအစီအရင်ကိုလက်တွေ့ကျင့်သုံးခဲ့ဖူးသူတွေကြုံခဲ့ရတဲ့ ဖြစ်ရပ်မှန်တွေကိုအခြေခံပေါင်းစပ်ထားတာဖြစ်တယ်လို့လည်းသိရပါတယ်။ ရှုစားကြပါဦး။