Kerebete HD

Kerebete

Drama Romance HD 2024-03-15 8.3 151 Min

ကန်နာဒါစကားပြော အိန္ဒိယကျေးလက်ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ရုပ်ရှင်နာမည် ကယ်ရီဘယ်တီဆိုတာကတော့ ရွာလုံးကျွတ်ဆင်နွှကြတဲ့ ရိုးရာငါးဖမ်းပွဲတော်ကြီးရဲ့နာမည်ကို ပေးထားတာပါ။ဇာတ်လမ်းက နာဂါလိုခေါ်ကြတဲ့ ရွာဇော်လူမိုက်ကြီးတစ်ယောက်ဇာတ်လမ်းပေါ့။ နာဂါက ဇိုး။သစ်ခိုးခုတ်လို ထောင်ထဲဝင်ရပေမဲ့ ခဏနဲ့လွတ်လာတတ်တယ်။မိခင်မုဆိုးမကြီးနဲ့နေပြီး နှစ်ဧကခွဲလယ်မြေကို ပိုင်ဆိုင်ဖို အိပ်မက်မက်နေတဲ့ကောင်။အမျိုးတွေနဲ့ မြေယာကိစ္စ ခဏခဏစကားများရတဲ့သူ။ ရွာရဲ့ အော်ကြောလန်။မီနာဆိုတဲ့ ချစ်ရတဲ့ကောင်မလေးကို အတင်းဓမ္မခေါ်ဆောင်သွားပြီးနောက်မှာတော့ပြဿနာတွေပိုကြီးလာတဲ့ နာဂါရဲ့ အရှုပ်တော်ပုံကြီးကို ရှုစားကြပါဦး။