Pale Horse FHD

Pale Horse

Horror FHD 2024-07-30 3.5 88 Min

မအောင်မြင်ချင်တဲ့သူဆိုတာ မရှိသလောက်ပါပဲ။ဒါပေမယ့် ဒီမေးခွန်းတွေကိုကျတော့ ကိုယ့်ကိုကိုယ် မေးကြည့်ဖူးတဲ့သူဆိုတာလည်း မရှိသလောက်ပဲနေမယ်။ကိုယ့်အတွက် အောင်မြင်ကျော်ကြားမှုဆိုတာကဘာလဲ။အောင်မြင်မှုနောက်ကိုလူတွေဘာလိုလိုက်ကြလဲ။ ဘယ်လိုမျိုးနည်းနဲ့အောင်မြင်ချင်တာလဲ။ဒီဇာတ်လမ်းမှာတော့ အောင်မြင်မှုနောက်ကိုလိုက်နေတဲ့ခပ်ချောချော တက်သစ်စ လူငယ်ပန်းချီဆရာတစ်ဦး..။သူ့ရဲ့ ပန်းချီတွေကို ပြခန်းတစ်ခုမှာ လာပြဖို ကမ်းလှမ်းလာတယ်။အဲ့ဒီပြခန်းမှာအလုပ်လုပ်တဲ့ ပြခန်းတာဝန်ခံကောင်မလေးက သူ့ပန်းချီတွေကိုမြင်သွားတဲ့အချိန်မှာ သူတိုပြခန်းမှာပြပေးဖိုကိုစိတ်ဝင်စားသွားတယ်။အဲ့အပြင် ပန်းချီကားတွေရဲ့ နောက်ကွယ်က ပန်းချီဆရာကိုပါ မမြင်ဖူးခင်ကတည်းက စိတ်ဝင်စားမိသွားတော့တယ်။အဲ့လိုနဲ့ ဒီပန်းချီဆရာလေးရဲ့ ပန်းချီပြပွဲကိုစီစဉ်ပေးရဖိုဖြစ်လာတယ်။ အဲ့ဒီ ပထမဆုံးပွဲမှာပဲ တစ်နေ့တည်းနဲ့ ပန်းချီကားအားလုံးရောင်းထွက်သွားရော။တာဝန်ခံကောင်မလေးလည်း ပန်းချီဆရာနဲ့ အဲ့ဒီပန်းချီပြပွဲ ညမှာပဲ ဆုံမိကြတယ်။ထူးဆန်းတဲ့ပန်းချီကားတွေအကြောင်းပြောပေးဖြစ်ကြတယ်။ဒီလိုနဲ့ သူတိုနှစ်ယောက်ရင်းနှီးသွားတယ်။ သူနောက်နှစ်ယောက်ရင်းနှီးလာလေလေ.. အန္တရာယ်ပိုနီးလာလေလေ ဆိုတာကိုတော့သူတိုမသိခဲ့ကြဘူး။သူတိုသတိမထားမိခဲ့ကြဘူး။အောက်လမ်းတွေမှော်တွေနဲ့ အစီအရင်တွေလုပ်ပြီး အောင်မြင်လုပ်တာမျိုး အဖြစ်အပျက်တွေ ကြားဖူးကြမှာပါ။ဒီဇာတ်လမ်းက သူတိုအနောက်တိုင်းရဲ့ ဝိညာဉ်.. ပရလောက..ကဝေအအတ်ပညာ.. အောက်လမ်း စတဲ့အခန်းကဏ္ဍတွေအကြောင်းကို သေသေချာချာ ပြောပြသွားတယ်။နောက်ပြီး အမှောင်စွမ်းအင်ကိုတိုက်ဖျက်နိုင်တဲ့ အလင်းစွမ်းအင်ဟာ စစ်မှန်တဲ့ ဖြူစင်တဲ့ချစ်ခြင်းသာ ဖြစ်တယ်ဆိုတဲ့ အကြောင်းကိုလည်းချပြသွားတယ်။မပတ်သက်အပ်တဲ့အရာတွေနဲ့ နှောင်ကြိုးတွေသွားချည်မိရင် ကိုယ့်အတွက်ဆိုးကျိုးကြီးပဲရလာလိမ့်မယ်ဆိုတဲ့အချက်ကိုလည်းတွေ့ရလိမ့်မယ်။ဒီဇာတ်ကားကို ဝေဖန်သူတွေများခဲ့ပေမယ့် ကြည့်တတ်ရင် အတွေးစများစွာပေးနိုင်တဲ့ ဇာတ်ကားဖြစ်ပါတယ်။( ပြခန်းတာဝန်ခံ မင်းသမီးချောရဲ့ အမှောင်ထဲကဇာတ်ကြမ်းတွေကိုလည်း Bonus အဖြစ်တွေ့မြင်ခံစားနိုင်ပါတယ် )