လူအများ လေးစားအားကျရတဲ့ နာမည်ကျော် ကဗျာဆရာတစ်ဖြစ်လဲ တက္ကသိုလ်ပါမောက္ခကြီး အီဂျော့ရို (Park Hae Il)…တစ်နေ့ သူအိမ်ပြန်ရောက်လာတော့ အိမ်ရှေ့တံခါးဝက ခုံလေးမှာသူစိမ်းကောင်မလေးတစ်ယောက်ထိုင်နေတာကို မြင်တွေ့လိုက်ရတယ်.. သူ့နာမည်လေးက “အွန်းဂယို”တဲ့..အွန်းဂယို (Kim Go Eun) နဲ့ အနေနီးလာတာနဲ့အမျှ ဂျော့ရိုလည်း အွန်းဂယိုရဲ့စွဲမက်ဖွယ်ရနံ့လေးတွေ၊အထိအတွေ့တွေ၊ ရယ်သံလေးတွေမှာ မလွန်ဆန်နိုင်တော့ဘဲ ရင်ဘတ်ထဲက စည်းတစ်ခုကို ကျော်မိသွားခဲ့တာပေါ့။ဒါကြောင့်လည်း သူ့အကြောင်း စာတိုတစ်ပုဒ်ပါ ချရေးဖြစ်ခဲ့တယ်ခေါင်းစဉ်လေးကတော့ သူ့ရဲ့နာမည်လေးဖြစ်တဲ့ “အွန်းဂယို”…တစ်ဖက်မှာလည်း အီဂျော့ရိုရဲ့ တပည့်ဖြစ်သူ (Kim Moo Yul) က ဂျော့ရိုရေးထားတဲ့စာတို “အွန်းဂယို” ကို မြင်သွားပြီး သူရေးတဲ့စာတိုအဖြစ်နာမည်တပ်ပြီး ထုတ်ဝေလိုက်တဲ့အခါမှာတော့…..ဆရာတပည့် နှစ်ဦးကြားမှာ သွေးကွဲမှုတွေ စတင်ဖြစ်ပေါ်လာမှာလား..မစုံမက်သင့်သူကိုမှ စုံမက်မိတဲ့ ဂျော့ရိုရဲ့ ဇာတ်သိမ်းကရောဘယ်လိုဖြစ်မလဲဆိုတာဇာတ်လမ်းလေးထဲမှာ ဆက်လက် ကြည့်ရှုခံစားပေးကြပါဦး။