နတ်တမန်စစ်ကို အဆုံးသတ်ပေးမယ်လို့ ဗျာဒိတ်ပေးခံထားရတဲ့ နတ်သွေးနှောလူသား ဒန်နေယယ်တစ်ယောက် မထင်မှတ်ဘဲ လုပ်ကြံခံလိုက်ရပြီးနောက် အလောင်းတိုက်ထဲ ပြန်နိုးထလာချိန်ကျမှပဲကောင်းကင်ဘုံစစ်ပွဲမှာ ဘယ်လောက်အရေးပါတဲ့ အခန်းကဏ္ဍကနေ သူ ပါဝင်နေတယ်ဆိုတာကို အသိဝင်လာခဲ့တယ်။ဒီဇာတ်ထဲမှာ နတ်သတ်ခြွေခံရပြီး လူ့ဘဝရောက်နေတဲ့ မရဏနတ်မင်းဟောင်းဂေဘရီယယ်ရော.. ၊ ဒန်နေယယ်ရဲ့ချစ်သူ မက်ဂီနဲ့အတူ ဒန်နေယယ့်နောက် တရကြမ်းလိုက်လာတဲ့ နတ်တမန်-ဇိုဖေယယ်တို့ကပါ ပါဝင်လာတဲ့နောက်မှာ ဘုရားကိုဖြုတ်ချပြီး စကြဝဠာကိုအုပ်စိုးဖို့ ကြံနေတဲ့ပေရီယယ်ဆိုတဲ့ နတ်တမန်ကို တားဆီးရမယ့် ဒန်နေယယ်ရဲ့ အစတည်းက ခက်ထန်တဲ့ခရီးမှာ ပိုကြမ်းတမ်းဖို့ ဖြစ်လာတော့တယ်။မင်းသားကြီး Christopher Walken ကို ဂေဘရီယယ်အဖြစ်နောက်ဆုံးမြင်ရမယ့် Prophecy: The Ascent ကတော့ ဇာတ်လမ်းပိုင်းမှာ Prophecy II ထက် ပိုအားထုတ်ထားတယ်လို့ ပြောရမှာပါ။Horror legend ဖြစ်တဲ့ Brad Douriff လည်း တစ်ခန်းပါထားသေးတဲ့ဒီကားကတော့ star power မပါဘဲ ခရီးဆက်တော့မယ့် Prophecy franchise ရဲ့ နောက်ကားတွေအတွက် အကောင်းဆုံးအမြည်းလို့ ပြောရပါမယ်။