နှုတ်မဆက်ပဲရုတ်တရက်ပျောက်သွားတဲ့အဖေကိုရှာဖွေရင်းတောနက်ထဲမှာထူးဆန်းတဲ့အန္တရာယ်တွေကိုရင်ဆိုင်ရတဲ့စွန့်စားခန်းဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ကျားကျားဆိုတဲ့ကောင်မလေးဟာ ပျောက်သွားတဲ့အဖေကိုရှာဖွေဖို့အလွတ်စုံထောက်နှစ်ယောက်ကိုငှားခဲ့ပြီးတော့သမိုင်းပညာရှင်ပါမောက္ခတစ်ယောက်ဖြစ်တဲ့အဖေဖြစ်သူကိုရှာဖို့စုန်းတောင်(ဝူးတောင်) ရှိရာကိုခရီးထွက်လာခဲ့ကြပါတယ်။နယ်ခံရွာသားတွေအတွက်ဒီတောင်ဟာတားမြစ်နယ်မြေဖြစ်ပြီးတော့ရှေးကတည်းကဝင်သွားတဲ့သူတိုင်းပြန်မထွက်လာနိုင်ဘူးဆိုတဲ့စကားတွေကြောင့် ဘယ်သူမှမသွားရဲဘူးဖြစ်နေပါတယ်။ဒါပေမယ့် အဖေကိုရှာချင်ဇောနဲ့ သဘာဝလွန်ဖြစ်ရပ်တွေကိုမယုံကြည်တဲ့လူငယ်လေးတွေဟာ ဘယ်လိုပဲဖြစ်ဖြစ်တောင်ပေါ်ကိုဝင်သွားဖို့ဆုံးဖြတ်လိုက်တဲ့အချိန်ကစပြီးတော့အန္တရာယ်တွေအပြည့်နဲ့ သူတို့ရဲ့စွန့်စားခန်းဟာစတင်သွားပါတယ်။