Young Boxing King HD

Young Boxing King

Action HD 2025-05-21

တစ်နှစ်တစ်ကြိမ်ကျင်းပတဲ့လူငယ်လက်ဝှေ့ဘုရင်ချန်ပီယံပြိုင်ပွဲကြီးမှာပါဝင်ယှဉ်ပြိုင်နိုင်ဖို့ဟာ လူငယ်လေးတွေရဲ့အိပ်မက်ဖြစ်ပါတယ်။လူငယ်လေးတစ်ယောက်ဟာ လူငယ်လက်ဝှေ့ချန်ပီယံပြိုင်ပွဲမှာဝင်ပါချင်ပေမယ့် ငွေကြေးချို့တဲ့တာကြောင့် လက်ဝှေ့ရုံတွေကလက်မခံတဲ့အတွက် လေ့ကျင့်ပေးမယ့်နည်းပြမရှိဖြစ်နေပါတယ်။အဲဒီအချိန်မှာဘဝကိုဖြစ်သလိုနေနေတဲ့လက်ဝှေ့နည်းပြဆရာတစ်ယောက်ဟာငွေလိုနေတာကြောင့် လူငယ်လေးရဲ့မဖြစ်စလောက်ပိုက်ဆံလေးကိုလက်ခံပြီးတော့ လူငယ်လေးကိုလေ့ကျင့်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။လူငယ်လေးကတော့ကျေးဇူးတွေတင်နေပေမယ့် တကယ်ကတော့နည်းပြဆရာကတကယ်စိတ်ရင်းနဲ့သင်ပေးချင်တာမဟုတ်ပဲပြီးစလွယ်သင်ပေးတဲ့အခါ လူငယ်လေးဟာ ဒေါသထွက်စိတ်ဓာတ်ကျရပါတယ်။တစ်နေ့မှာတော့နည်းပြဆရာကလူငယ်လေးရဲ့အဖေကရောဂါအပြင်းအထန်ဖြစ်နေပြီးတော့လူငယ်လေးကလက်ဝှေ့ဘုရင်ပြိုင်ပွဲကိုဝင်ပြိုင်ချင်တာသူ့အဖေရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့ဆိုတာသိလိုက်ရတဲ့အခါလူငယ်လေးကိုအဆုံးထိကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်။နာမကျန်းဖြစ်နေတဲ့ အဖေ့ရဲ့ဆန္ဒအတွက်ကြိုးစားနေတဲ့လက်ဝှေ့ချန်ပီယံဖြစ်ချင်တဲ့လူငယ်လေးနဲ့ အတိတ်ကနောင်တရစရာတွေကိုပြန်ဖြေဆယ်ချင်တဲ့နည်းပညာဆရာတို့ရဲ့ အခက်အခဲတွေကျော်ဖြတ်ပြီးအဆုံးထိကြိုးစားသွားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။