အသစ်ထွက်ထားတဲ့ ပန်ချာပီစကားပြော ဟာသရုပ်ရှင်လေးကိုပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။နာမည်ရ ပန်ချာပီမင်းသား ဂျာဂ်ဂျိဆန်ဒူနဲ့ ချစ်ဖို့ကောင်းတဲ့ ပန်ချာပီမင်းသမီးလေးတာနီယာတို့က အဓိကပါဝင်ထားတာပါ။ဇာတ်လမ်းကတော့.. ပန်ဂျပ်ပြည်နယ်ထဲက ရွာလေးတစ်ရွာမှာ အတော်လေးဘရုတ်ကျလွန်းလို့တစ်ရွာလုံးက မျက်မုန်းကျိုးနေရတဲ့ အစ်တီဆိုတဲ့ကောင်လေးတစ်ယောက်ရှိပါတယ်။ အစ်တီဟာ ၉လတည်းနဲ့ မွေးခဲ့တာဖြစ်ပြီး မိသားစုရဲ့ တစ်ဦးတည်းသောသားဖြစ်တဲ့အလျောက် လူပျိုဖြစ်တဲ့အထိကလေးလိုလိုခွေးလိုလိုနဲ့ ဆိုးချင်တိုင်းကို ဆိုးနေတာပါ။ အဲဒီလိုဆိုးနေရင်း အစ်တီတစ်ယောက်လူငယ်တွေရဲ့ထုံးစံ အချစ်နဲ့တွေ့ပြီး အချစ်ဆိပ်တက်နေတုန်းမှာ သူကြူနေတဲ့ကောင်မလေးကယောက်ျားယူသွားတဲ့အတွက် အသည်းကွဲသွားခဲ့ပါတယ်။နဂိုကတည်းက ပေါက်ကရတွေလုပ်ပြီးဆိုးပေနေတဲ့အစ်တီတစ်ယောက် အသည်းကွဲပြီးကမူးရှူးထိုးတွေလျှောက်လုပ်နေတုန်းမှာ ဆာရီအနီရောင်ဝတ်ထားတဲ့ ထူးဆန်းတဲ့မိန်းကလေးတစ်ယောက်နဲ့ ဆုံတွေ့မိတဲ့အခါမှာတော့…။ပန်ချာပီရုပ်ရှင်တွေရဲ့ထုံးစံ သာယာနာပျော်ဖွယ် ဂီတသံလေးတွေနဲ့ရယ်ရယ်မောမောကြည့်ရှုခံစားရမယ့်ဟာသရုပ်ရှင်လေးကို စီအမ်မာဆလာအဖွဲ့သားတွေကနေ ပရိသတ်တွေအတွက် ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…။