Susheela Sujeet HD

Susheela Sujeet

Comedy HD 2025-04-18 8.3 92 Min

ဇာတ်လမ်းအကျဉ်းကတော့ ရိုးသားတဲ့ အိမ်ရှင်မ ဆူရှီလာနဲ့ အတွေ့အကြုံနည်းပါးသေးတဲ့ရေပိုက်ပြင်သမားလေး ဆူဂျိတို့နဲ့ အစပြုထားပါတယ် ဆူရှီလာရဲ့ ရေချိုးခန်းပြွန် ပေါက်ပြဲနေတာကိုပြင်ဆင်ဖို့ ဆူဂျစ်ရောက်လာချိန်မှာ လက်ကိုင်တံခါးကပါမကောင်းနေတာကြောင့်မထင်မှတ်ဘဲသူတို့နှစ်ဦးက အခန်းတစ်ခန်းထဲမှာ အတူပိတ်မိသွားပါတော့တယ် ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ပြတ်တောက်သွားပြီး ဖုန်းတွေလည်း မပါကြတဲ့ အခြေအနေမှာ အချိန်တွေကြာလာတာနဲ့အမျှ သူတို့နှစ်ယောက်ဟာအပြင်ထွက်ဖို့ နည်းလမ်းမျိုးစုံနဲ့ကြိုးစားပုံတွေကို အူနာအောင်ရယ်နေရမှာပါရေပိုက်ပြင်သမားလေး ဆူဂျစ်က ပုံမှန်အားဖြင့်တော့ ရိုးအအနိုင်ပြီး ဆူရှီလာကတော့ အိမ်ရှင်မပီပီစိတ်ရှုပ်ထွေးတတ်သူတစ်ဦးပါကနဦးမှာတော့ တစ်ယောက်နဲ့တစ်ယောက် စိမ်းကားခဲ့ကြပြီးအမြင်မကြည်လင်မှုတွေ ရှိခဲ့ကြပေမဲ့ အခန်းထဲမှာ ပိတ်မိနေတဲ့ အချိန်တွေကြာလာတာနဲ့အမျှတစ်ဦးနဲ့တစ်ဦးရဲ့ အတွေးအမြင်တွေ ခံစားချက်တွေနဲ့ နေ့စဉ်ဘဝ အတွေ့အကြုံတွေကို ဝေမျှရင်းပိုမိုနားလည်လာကြပါတယ် ဒီလို မထင်မှတ်တဲ့ အခြေအနေကနေ ဖြစ်ပေါ်လာတဲ့ ပေါ့ပါးတဲ့ဟာသဇာတ်ဝင်ခန်းတွေ စိတ်ခံစားမှုလှိုင်းဂယက်တွေနဲ့ မမျှော်လင့်ထားတဲ့ အချစ်ရေးရာ လှည့်ကွက်တွေကဇာတ်ကားကို ပိုမိုဆွဲဆောင်မှုရှိစေပါတယ် သူတို့နှစ်ဦးရဲ့ ဘဝနဲ့ ဆက်ဆံရေးအပေါ် ဒီဖြစ်ရပ်ကဘယ်လို သက်ရောက်မှုရှိလာမလဲ ဘယ်လိုပြန်လွတ်မြောက်ပြီး ဘာဆက်ဖြစ်မလဲဆိုတာကိုရယ်မောပျော်ရွှင်ဖွယ် တင်ဆက်ထားတာပဲ ဖြစ်ပါတယ်ရှင်