Combustion HD

Combustion

Action HD 2013-04-26 5.5 104 Min

မီခဲလ်ဟာ နာမည်ကျော်ရတနာတိုက်ပိုင်ရှင် ဂျူလီယာဆိုတဲ့ကောင်မလေးနဲ့စေ့စပ်တော့မယ့် လူငယ်တစ်ယောက်ပါ။ဒါပေမယ့် သူတို့ရဲ့စေ့စပ်ပါတီပွဲမှာပဲ အစားအသောက်တည်ခင်းတဲ့ ဝန်ထမ်းကောင်မလေး အာရီကိုမတော်တဆတွေ့ဆုံပြီးချစ်ကျွမ်းဝင်သွားခဲ့မိပါတယ်။သိရခက်တဲ့၊ ပဟေဠိဆန်တဲ့ မိန်းမလှလေးအာရီရဲ့ဖြားယောင်းမှုတွေနောက်မှာ မီခဲလ်တစ်ယောက်ကောက်ကောက်ပါပြီး ရတနာတိုက်ပိုင်ရှင် ဇနီးလောင်းကိုပါစွန့်ပစ်လိုက်မိတဲ့အထိပါပဲ။အဲ့ဒီကနေ အာရီရဲ့ဆွဲဆောင်မှုနဲ့အတူ သူတို့ရဲ့လောကဖြစ်တဲ့ တရားမဝင်ကားပြိုင်ပွဲတွေ၊အချင်းချင်းတစ်ပတ်ရိုက်ဖျံကျမှုတွေ၊ လျှို့ဝှက်အကြံအစည်တွေနဲ့အတူ သပွတ်အူလောကထဲကို မီခဲလ်နစ်ဝင်သွားမိပါတော့တယ်။စပိန် Thriller တို့ထုံးစံ အကွေ့အကောက်၊အလှည့်အပတ်တွေပေါင်းစုံကိုမှပြိုင်ကားလှလှတွေ၊ မိန်းမချောလေးတွေနဲ့ရောသမမွှေထားတဲ့ဖျော်ဖြေရေးကားကောင်းတစ်ကားပါ။