ရေရေရာရာ အလုပ်တစ်ခု ရဖို့ကြိုးစားနေတဲ့ မာရက်က တစ်ရက်မှာတော့ ကုမ္ပဏီတစ်ခုမှာ အလုပ်ရသွားခဲ့ပါတယ်။ကုမ္ပဏီက မာရက်ကို ဘိုဟီးမီးမြောက်ပိုင်းဘက်မှာတာဝန်ထမ်းဆောင်ဖို့စေလွှတ်ပါတယ်။သူမသိလိုက်တာတော့ အဲဒီနေရာက ဆေးသမားတွေ၊ အကြမ်းဖက်သမားတွေနဲ့ပြည့်နက်နေတဲ့ နေရာဖြစ်လို့ ဘယ်သူမှကြာကြာ အလုပ်မလုပ်နိုင်တဲ့နေရာဖြစ်နေပါတယ်။အလုပ်မှာလဲ ထင်ထားတာနဲ့တခြား အကုန်တစ်လွဲတွေဖြစ်နေပြီး ကုမ္ပဏီကပေးထားတဲ့တိုက်ခန်းဆိုတာကလည်း ဆေးသမားတွေပျော်စံရာ ဗိမာန်ကြီးတစ်ခု ဖြစ်နေပါတယ်။ဒီလိုနဲ့မာရက်တစ်ယောက် ကုမ္ပဏီကဖိအားတွေနဲ့ ဆေးသမားတွေအပြည့်နဲ့ နေရတဲ့တိုက်ခန်းမှာ ဘယ်လိုသမာဓိအားကောင်းကောင်းနဲ့ အဆင်ပြေအောင် ကိုင်တွယ်ဖြေရှင်းနေနိုင်သွားမလဲဆိုတာ စိတ်ဝင်စားဖွယ်ဟာသခန်းများစွာနဲ့အတူ ကြည့်ရှုရမှာပါ။အဖော်အချွတ်ခန်းများစွာ ပါဝင်ပြီး ကြမ်းတမ်းသော စကားလုံးများပါဝင်မှုတို့ကြောင့် မိသားစုနှင့်အတူ ကြည့်ရှုရန်တော့ မသင့်လျော်ပါ။