Ee Saraina HD

Ee Saraina

Comedy Drama HD 2025-04-15 8.3 106 Min

ဒီတစ်ခါမှာတော့ ကျေးလက်သဘာ၀ကိုကြည့်ရှုခံစားရမဲ့တေလဂူစကားပြော ဒရာမာဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ရာဂျူးဟာ ဘွဲ့ရပြီး အစိုးရအလုပ်‌ရဖို့ အကြောင်းကြားစာစောင့်ဆိုင်းနေတဲ့လူငယ်တစ်ယောက်ပါ။ ၀င်ခွင့်စာမေးပွဲတွေ ၀င်ဖြေခဲ့ပေမဲ့ တစ်ခုမှမအောင်ခဲ့ပါဘူး။ရွာမှာလယ်ပိုင်ယာပိုင်ဖြစ်ပေမဲ့ ပတ်၀န်းကျင်ရဲ့ဖိအားကြောင့် အစိုးရအလုပ်ရရှိရေးကိုအသည်းအသန်မျှော်လင့်နေခဲ့ပါတယ်။ ပိုဆိုးတာက သူကြိုက်နေတဲ့ ဆီရီရှာဆိုတဲ့ကောင်မလေးက ရွာမှာ အစိုးရ၀န်ထမ်းကျောင်းဆရာမလေး ဖြစ်နေတာပါပဲ။ရွာကသက်ကြီးပိုင်းတွေက သူနဲ့‌ဆီရီရှာကို နှိုင်းပြောတတ်ကြသလို ဆီရီရှာ့အဖေကြီးကလည်း အစိုးရအလုပ်ကိုမှ အထင်ကြီးသူပါ။ဒီလိုနဲ့ ဘွဲ့ရအလုပ်လက်မဲ့လေး ရာဂျူးတစ်ယောက်သူမျှော်နေတဲ့အစိုးရအလုပ် ရပါ့မလား၊ သူ့အချစ်ရေးကရောအဆင်ပြေပါ့မလား ဆိုတာကို… ဟာသလေးတွေနှောပြီး ‌ကြည့်ရှုကြရမှာမို့စိတ်အပန်းပြေစေမဲ့ ဇာတ်လမ်းတစ်ပုဒ်အဖြစ် ညွှန်းပေးလိုက်ပါရစေ။