ဗီယက်နမ်ဒါရိုက်တာ အသစ်ဖြစ်တဲ့ Phạm Ngọc Lân ရိုက်ကူးထားပြီးတော့ ဇာတ်လမ်းလေးကိုမင်းသမီးက ယောကျ်ားဖြစ်သူဆုံးပါးပြီးတဲ့ နောက်မှာ ဇာတိမြေကို ပြန်လာတဲ့ အချိန်နဲ့ အစပြုထားပါတယ်။သူနဲ့အတူလည်း သူ့ယောကျ်ားရဲ့ နောက်ဆုံးလက်ဆောင်တွေဖြစ်တဲ့ ဖန်ခွက်အကွဲတစ်ခုရယ် ၊မျောက်နဲ့ တူသလိုရှိပြီး ကူလီလို့ခေါ်တဲ့ အကောင်လေးတစ်ကောင်လည်းပါလာခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းဇာတ်လမ်းကတော့ မင်းသမီးက ယောကျ်ားကွယ်လွန်ပြီးနောက် ဇာတိမြေဖြစ်တဲ့ဟနွိုင်းမြို့ကို ပြန်လာရာကနေ အစပြု့ထားပါတယ်။ အရင်တချိန်ငယ်ရွယ်စဉ်အခါကအလွန်သာယာလှပခဲ့တဲ့ မြို့ကြီးဟာ အခုလက်ရှိမှာတော့ မျက်စီနှင့် မြင်နေတာကိုတောင်မယုံကြည်နိုင်ဖွယ်ရာ အလွန်ကိုမှ ပြောင်းလဲ သွားခဲ့ပြီဖြစ်ပါတယ်။ သူမလေးကလည်းနောက်ဆို လက်ထပ်တောမှာဖြစ်ပြီး အရာအားလုံးဟာ သူ့အတွက်တော့အရင်လိုကိုမဟုတ်နေခဲ့တော့တာပဲဖြစ်ပါတယ်။တူမလေးနဲ့ကလည်း အသက်ရွယ်ကွာခြားလွန်းတာကြောင့်လည်း နေရာအတော်များများမှာ ဘဝင်မကျရတာတွေလည်း ရှိလာခဲ့ပါတယ်။အဲဒီနောက်မှာတော့သူဟာ အတိတ်ကအကြောင်းရာများကို လွမ်းဆွတ်မိပြီး အတိတ်ကနေ့ရက်တွေကိုပြန်လည်မြင်ယောင်နေရတာတွေကိုလည်း သေချာလေးရိုက်ပြထားပါတယ်။ ဒီဇာတ်လမ်းလေးကတော့မိသားစုရဲ့ နက်နဲတဲ့ အချစ်တွေ ၊ မေတ္တာတွေ၊ သံယောဇဉ်တွေနဲ့ အတိတ်က လွမ်းဆွတ်ဖွယ်ရာအမှတ်တရာတွေရှိနေရခြင်းကို သဘောပေါက်နားလည်စေပြီး မိသားစုဝင်အားလုံးကိုလည်း သက်ရှိထင်ရှားရှိစဉ်မှာချစ်ပေး၊ နွေးထွေးပေး ၊ကူညီဖေးမပေးပြီး အားလုံကို အတူတူရင်ဆိုင် သင့်ကြောင်းကိုသေချာလေး အထူးတလည်လေးရိုက်ပြထားသော ဗီယက်နမ်ဇာတ်ကားလေးပဲဖြစ်ပါတယ်ခင်ဗျာ။ ဒီကားလေးက အပိုင်းတိုင်းလိုလိုဟာ တည်ငြိမ်အေးချမ်းပြီးရိုးရှင်းစွာ ရိုက်ပြထားသောကြောင့် သဘာဝကျတဲ့ ဇာတ်ကားတွေကိုနှစ်သက်တဲ့သူတွေ အတွက်လုံးဝအကြိုက်ဖြစ်စေမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။