Karnika HD

Karnika

Thriller Mystery HD 2024-12-18 8.3 137 Min

တက်ကြွတဲ့အမ်မူဆိုတဲ့ စာရေးဆရာမလေးဟာ တစ်နေ့မှာ အကြောင်းအရင်းမသိရဘဲစကားနည်းပြီး အခန်းအောင်းနေတတ်တဲ့ မိန်းကလေးဖြစ်သွားပါတယ်။အဲဒီလိုငြိမ်သွားတဲ့ အမ်မူတစ်ယောက် ပြန်ပြီးတော့ တက်ကြွလာအောင်လုပ်လိုက်တာကတော့သူ့အိပ်မက်ထဲမှာ ထပ်တလဲလဲပေါ်လာတဲ့ ကာနီကာဆိုတဲ့မိန်းကလေးအဲဒီအိပ်မက်ကို ထပ်တလဲလဲမက်နေတဲ့ အမ်မူတစ်‌ယောက် ကာနီကာနဲ့ ပူဗာရှီစံအိမ်ကြီးရဲ့ဇာတ်လမ်းကို ဝတ္ထုရေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ဒီလိုနဲ့ ဇာတ်သိမ်းရေးပြီးချိန်မှာ ဇာတ်လမ်းရဲ့ဇာတ်သိမ်းကို ဘဝင်မကျတဲ့အတွက်ပူဗာရှီစံအိမ်ကို ကိုယ်တိုင်သွားမယ်ဆိုပြီး အမ်မူတစ်‌‌ယောက်တည်း စံအိမ်ကြီးဆီ ခရီးထွက်လာခဲ့ပါတော့တယ်ပူဗာရှီစံအိမ်ဆိုတာကလည်း ပုံမှန်မဟုတ်တဲ့သေဆုံးခြင်းနဲ့ လူသေမှုနှစ်ခုဖြစ်ထားတဲ့ပဟေဠိတွေနဲ့စံအိမ်ဆိုတော့ အမ်မူအဖေရော သူ့သူငယ်ချင်းတွေပါ စိုးရိမ်နေကြပေမဲ့အမ်မူကတော့ ဘေးကင်းကင်းနဲ့ပြန်ရောက်လာတော့ စိတ်သက်သာရာရသွားကြပါတယ်။ဒါပေမဲ့ ပူဗာရှီစံအိမ်ကပြန်လာပြီး နောက်တစ်ရက်ညမှာပဲ အမ်မူတစ်ယောက် သေလုမျောပါးတိုက်ခိုက်ခံလိုက်ရချိန်မှာတော့….ပူဗာရှီစံအိမ်ကြီးမှာ ဘာလျှို့ဝှက်ချက်တွေရှိနေမလဲ။ကာနီကာကရော ဒီစံအိမ်ကြီးမှာ ဘာတွေဖြစ်ခဲ့လဲ။ဒီဇာတ်လမ်းကိုရေးသားတဲ့အမ်မူကရော ဘာတွေဆက်စပ်နေလို့ ဒီလိုတိုက်ခိုက်ခံရတာလဲဆို အတူရှုစားလိုက်ရအောင်ပါ။