Taco မုန့်ကားအသစ်အဆန်းကြီးကို ကြော်ငြာခဲ့ပေမဲ့ ရင်းနှီးမြှုပ်နှံသူတွေကို စိတ်ပျက်သွားစေလောက်အောင်ထိ မအောင်မြင်ခဲ့တဲ့ မာတီးရက် တစ်ယောက်အမေ မသိအောင် အဖွားနဲ့တိုင်ပင်ကာ မိသားစုစားသောက်ဆိုင်ကို ဘဏ်မှာအပေါင်ခံထားတာကြောင့် ဆုံးလုနီးနီးဖြစ်နေပါတယ်။အဲ့နောက်မှာ မိသားစုညစာစားပွဲကလဲ နီးကပ်နေပြီမို့ အားလုံးလဲပြာယာခက်နေတဲ့ကြားက မတီးရက်တစ်ယောက်အဲ့အကြောင်းကို ဘယ်လိုများဖုံးကွယ်ထားမလဲ?မတီးရက်တစ်ယောက် အခုလက်ရှိဖြစ်နေတဲ့ ပြဿနာကိုဘယ်လိုပြန်လည်ဖြေရှင်းမလဲဆိုတာနဲ့ မိသားစုအတွင်းမှာဖြစ်လာတဲ့ ငြင်းခုန်မှု၊စိတ်ပူပန်မှုတွေကိုဘယ်လိုကိုင်တွယ်သွားမလဲဆိုတာ ကြည့်ရှုရမည့် ဟာသကားလေးပဲ ဖြစ်ပါတယ်။