ဒီဇာတ်လမ်းလေးကတော့ ကြမ်းတမ်းတဲ့ ဗီလိန်တစ်ယောက်ရဲ့အချစ်ကိုဖော်ကြူးထားတဲ့ဇာတ်လမ်းလေးပါ။ ဂုရုက မရိုးသားတဲ့နိုင်ငံရေးသမားဆီဆာ အတွက် အလုပ်လုပ်ပေးနေတဲ့ ကြမ်းတမ်း ပြီးအကြင်နာမဲ့တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ မကြာခင်မှာပဲ သူဟာအီရှားလို့ခေါ်တဲ့ ကောင်မလေးနဲ့ဆုံခဲ့ပြီးတော့ သူ့ဘဝက ပြောင်းလဲသွားခဲ့ရပါတယ်။ ဒီထူးဆန်းတဲ့ ဘဝဆန္ဒတွေနဲ့ပြည့်နှက်နေတဲ့ကောင်မလေးတစ်ယောက် က သူ့ဘဝကို လုံးဝပြောင်းလဲစေခဲ့ပါတယ်ဒီလိုနဲ့ သူက ကောင်မလေးဖြစ်ချင်တဲ့ ဆန္ဒလေးတွေကို ဖြည့်ဆည်းပေးရင်းနဲ့ကောင်မလေးဖြစ်ချင်တဲ့ ပုံစံကိုပြောင်းလဲခဲ့ပါတယ် ဒါပေမဲ့ သူချစ်တဲ့ကောင်မလေးကမမျှော်လင့်ပဲ စိတ္တဇ လူသတ်သမားတစ်ယောက် ရဲ့ သားကောင်ဖြစ်သွားတဲ့အခါ..သူ့လိုပဲ ကြမ်းတမ်းတဲ့ အကြင်နာမဲ့တဲ့ ဗီလိန်တစ်ယောက်ကို ဘယ်လိုအနိုင်ယူမလဲဆိုတာတွေကို ကြည့်ရှုရမှာပါ။လူသတ်သမားကိုလဲ သမာရိုးကျလိုက်သတ်နေရတဲ့ လူသတ်သမား မဟုတ်ပဲ တစ်ဖက်ကမှာ မိသားစုနဲ့အိမ်ထောင်ရေးအဆင်မပြေတဲ့ပုံစံတွေနဲ့ ပြထားလို့ ကြည့်ရတာ တစ်မျိုးဆန်းသစ်စေပါတယ်။