Gladiator HD

Gladiator

Action Drama HD 1992-03-06 7.6 101 Min

တွမ်မီရိုင်လီဆိုတဲ့ လူဖြူကောင်လေးဟာ ဖခင်ရဲ့စီးပွားရေးအဆင်မပြေမှုကြောင့် ချီကာဂိုမြို့ကို ပြောင်းရွှေ့လာခဲ့ပါတယ်။သူတို့ကျောင်းမှာတော့ လူမျိုးပေါင်းစုံရှိပြီး လူမဲလူရမ်းကားတွေကဂိုဏ်းတွေဖွဲ့မိုက်ကြေးခွဲနေကြတာပါ။ ဒါပေမဲ့ တွမ်မီကတော့အနေအေး စာတော်ပြီး သဘောရိုးဖြူစင်တဲ့ လူပါ။ဒီလိုနဲ့ အတန်းထဲက လူမဲတချို့နဲ့ အခြေအတင်ဖြစ်ရာကနေ တစ်ဖက်ကလူမဲဂိုဏ်းကြီးလိုက် ရင်ဆိုင်ဖို့ဖြစ်လာပါတယ်။လူမဲဂိုဏ်းတွေကို ဦးဆောင်နေတာကတော့ ရှော့ကတ်နဲ့ လင်ကွန်းတို့ပေါ့။အဲဒီထဲကမှတွမ်မီလို လူဖြူလေးကို အမှုန့်ကြိတ်ချင်နေတာက ရှော့ကတ်ပါ။ရှော့ကတ်နဲ့ လင်ကွန်းတို့ကတော့ မြေအောက်လက်ဝှေ့ကြိုးဝိုင်းမှာနာမည်ကြီးလက်ဝှေ့သမားတွေဖြစ်ပြီးအချင်းချင်းလည်းတွေ့ရာသင်္ချိုင်းဓားမဆိုင်းပါပဲ။ တွမ်မီကတော့ ဘယ်သူ့ကြားမှဝင်မပါချင်တဲ့အတွက်ရှောင်နေသော်လည်း ရှော့ကတ်က ပြဿနာလိုက်ရှာတာကိုခံရပါတယ်။သူတို့ရန်ပွဲကိုအမှတ်မထင်တွေ့သွားတဲ့လူက မြေအောက်ပွဲစီစဉ်သူတွေထဲကတစ်ဦးဖြစ်တဲ့ ပက်ပီဂျက်ခ်ပါပဲ။ သူ့အတွက် ထိုးပေးမယ့်လူဖြူကောင်လေးလိုအပ်နေချိန်မှာ တွမ်မီရဲ့လက်ရည်ကိုမြင်ခဲ့တာမို့ တွမ်မီကို တစ်ညလက်ဝှေ့ထိုးဖို့ ဒေါ်လာ၁၂၅၀နဲ့ညှိလိုက်ပါတယ်။ဒါပေမဲ့ ထင်ထားတာထက် တွမ်မီကအရည်အချင်းပိုရှိနေတာကို မြင်တော့ လက်ဝှေ့ပွဲအဓိကဦးဆောင်သူဘော့စ် မစ္စတာဟောန်က တွမ်မီ့အဖေရဲ့ အကြွေးတွေကို ဆပ်ပေးပြီးတွမ်မီ့ကိုအကြွေးနဲ့ ကိုင်ပေါက်ပြီး ဆက်လက်ထိုးသတ်စေပါတယ်ဇာတ်လမ်းလေးထဲမှာတော့ တွမ်မီက မစ္စတာဟောန်လက်ကဘယ်လိုလွတ်မြောက်အောင် ရုန်းကန်မလဲ ရှော့ကတ်နဲ့ လင်ကွန်းတို့နဲ့ရောဘယ်လိုတွေပတ်သက်မိမလဲဆိုတာ ကြည့်ရှုနိုင်မယ့်ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။