သူငယ်ချင်းတစ်စုရှိတယ်။ ရုပ်ရှင်ကျောင်းသားတွေပေါ့။သူတို့တွေက ဖြစ်ရပ်မှန်ဟော်ရာဇာတ်လမ်းတစ်ခုကို ဒိုကူမန်ထရီရိုက်ဖို့ အနှစ်နှစ်ဆယ်အတွင်း လူပေါင်းများစွာ ပျောက်ဆုံးခဲ့တဲ့ တောအုပ်တစ်ခုနဲ့အဲဒီတောအုပ်နားက မြို့လေးကိုလာခဲ့တယ်။ အဲဒီမြို့လေးမှာ ဟော့မန်းခေါ် ဝက်လူသားလို့ခေါ်တဲ့ လူသတ်သမားတစ်ယောက်ရှိတယ်ဆိုတဲ့ ယုံတမ်းစကားတွေရှိတယ်။အဲဒီကောင်လေးက ငယ်ငယ်ကဝလွန်းလို့ အားလုံးအနိုင်ကျင့်တာခံခဲ့ရတယ်။ တစ်နေ့မှာ ကောင်လေးသုံးယောက်နဲ့ ကောင်မလေးတစ်ယောက်က သူ့ကို အရင်ကထက်တောင် ဆိုးဆိုးရွားရွား အနိုင်ကျင့်ခဲ့ကြတယ်ဆေးရုံရောက်သွားခဲ့တယ်။ ဆေးရုံကဆင်းလာပြီး ညမှာ သူက ဝက်မျက်နှာဖုံးကို စွပ်ပြီး ကောင်လေးသုံးယောက်စလုံးကိုသတ်ပစ်ခဲ့တယ်။ ကောင်မလေးကိုတော့ ချန်ထားခဲ့တယ်။ဒီနောက်သူစိတ်ရောဂါကုဆေးရုံရောက်သွားတယ်။ အဲဒီကနေ သူထွက်ပြေးလာပြီး ဒီသစ်တောထဲ ရှိနေတယ်ဆိုတဲ့ ယုံတမ်းတွေ မြို့ထဲမှာပျံ့နေပေမဲ့ ဘယ်သူမှတော့ လက်ဆုပ်လက်ကိုင် သက်သေမပြနိုင်ဘူးပေါ့ဒီကျောင်းသားတစ်စုက အဲဒီဇာတ်လမ်းနောက်လိုက်ကြရင်း ကြုံလာရတဲ့ သွေးထွက်သံယိုတွေကိုမြင်ရမယ့်ဇာတ်လမ်းပါပဲ။ ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူမကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။