ဒါကတော့ ဟောင်ကောင်ဟော်ရာအမျိုးအစား မိသားစုဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ လင်မယား၂ယောက်မှာ အသက်(၇)နှစ်အရွယ်သားလေးတစ်ယောက်ရှိပြီးတော့ သာမန်ဘဝလေးမှာနေထိုင်နေကြပါတယ်။အွန်လိုင်းပေါ်ကအရာတွေကိုပဲယုံကြည်စွဲလမ်းနေတဲ့အမေဖြစ်တဲ့သူနဲ့အမြဲအလုပ်ရှုပ်နေတဲ့အဖေဖြစ်သူကြားမှာ သားလေးဟာကံဆိုးစွာပဲသေဆုံးသွားခဲ့ပါတယ်။ မိဘတွေဟာရုတ်တရက်ဖြစ်သွားတဲ့အတွက်ဘယ်လိုမှဖြည်မဆယ်နိုင်ဖြစ်နေကြပါတယ်။အမေဖြစ်တဲ့သူဟာ ဘယ်လိုမှလက်မခံနိုင်တဲ့အဆုံး အွန်လိုင်းပေါ်မှာတွေ့တဲ့အဝတ်ရုပ်ရောင်းတဲ့အဖွားအိုနဲ့သွားတွေ့ပြီးအဝတ်ရုပ်လေးကိုသားအမှတ်နဲ့အိမ်ပြန်ယူလာခဲ့ပါတယ်.အဲဒီနေ့စကပြီးတော့ သူတို့ရဲ့ဘဝလေးကလုံးဝပြောင်းလဲသွားပါတယ်။သူတို့စိတ်အထင်မှာမိသားစုလေးကအေးချမ်းနေသလိုနဲ့အများအမြင်မှာတော့ သက်မဲ့အဝတ်ရုပ်လေးကိုစကားတွေပြောပြီး လူလိုဆက်ဆံနေတာပဲဖြစ်နေတယ်။အရုပ်လေးရပြီးပျော်နေတဲ့မိန်းမရဲ့အပျော်တွေကိုလဲမဖျက်ရက်လူတွေရဲ့ထူးဆန်းတဲ့အကြည့်တွေအပြောအဆိုတွေကိုလဲကြုံလာရတဲ့အခါ ဒီမိသားစုလေးဟာဘယ်လိုရှေ့ဆက်သွားမလဲ……